ပင်လယ်ဘက်က တိမ်တအုပ်
ခပ်သုတ်သုတ် ရွေ့လျား
ဘယ်ကို သွားမလို့လဲ။
တကယ်လို့များလေ
မင်းတို့တွေ ခရီးဆန့်လို့
မြေပြန့်ဘက်ကို ရောက်ခဲ့ရင်
စကားကြုံပါးလိုက်ချင်ပါရဲ့။
အညာမြေ ချင်းတွင်းမြစ်ဝှမ်းက
ထုပ်တိုးတမ်း ကစားခဲ့ဖူးတဲ့
ငယ်ကျွမ်းတသိုက်ကို လွမ်းတဲ့အကြောင်း။
ထန်းလျက် ဖြူဖွေးဖွေး
ပင်ကျရေနွေးနွေးနဲ့
လေသွေးတိုင်းမွှေးပျံ့တဲ့ သနပ်ခါးရနံ့တွေကို
ဘယ်ဘက်ရင်အုံရဲ့ နှလုံးသားအကန့်ထဲမှာ
သီးသန့်သိမ်းထားတဲ့ အကြောင်း။
နောက်ပြိး
သာကြောင်းမာကြောင်း၊ ပြေလည်ကြောင်း
အကျိုးအကြောင်းတွေ များစွာနဲ့
ရိုးမရဲ့ တဖက်က အညာသူလေးလေ
သူ့ဇာတိမြေနဲ့ မင်းတို့တတွေကို
လွမ်းလို့နေတဲ့ အကြောင်း။ ။
Blogger Quote
လူကို မကု၊ မူကို ကုတဲ့ ပညာအကြောင်း။
အပ်၊ ဓားမပါဘဲ မှတ်သားစရာပေးတဲ့ အကြောင်း။
ကမ္ဘာနာဆိုတာ လူနာထက်ပိုအရေးကြီးတဲ့အကြောင်း။
စင်ပေါ်တက်ပြီး အများလက်ခုပ်တီးမှ
ဂီတဖြစ်တာ မဟုတ်ဘူး။
လေချွန်သံ အဖိ၊ အဖော့၊ အတိုး၊ အလျှော့မှာ
အနုပညာတွေ ရှိနေကြောင်း။
-------------------- ခေါင်းစဉ်ပေါင်းများစွာ။
Friday, April 17, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment