Saturday, April 18, 2009

ပြိုင်ပွဲ

ရေးသားသူ ယသော် at 5:59 PM
လျှောက်ခဲ့တဲ့ ခြေလှမ်း အထောင်၊ အသောင်းထက်
ရောက်ခါနီး ခြေတစ်လှမ်းက
အများကြီး ပိုပင်ပန်းတယ်။
လဲပြီးပဲ ကျကျ
ခဏပဲ နားနား
ဖြတ်လမ်းကပဲ သွားသွား
ကြားထဲကပဲ ၀င်ဝင်
ပန်းတိုင်အရင်ရောက်ရင် - နိုင်မယ်။

ငါတို့ပေးရတာက တစ်ဘဝ
သူတို့ဆုံးဖြတ်တာက တဒင်္ဂ
အသုံးပြုပါများတော့ အလေ့အထဖြစ်
မွေးကတည်းက ဒီစနစ်နဲ့ ကြီးပြင်း
သွားရင်း - သွားရင်း - သွားရင်း ----။

ငါ --------
ပန်းဝင်တဲ့ အချိန်ကလွဲ၇င်
ကျန်ခြေလှမ်တွေ မလှမ်းတတ်တော့ပါ။ ။

0 comments:

Post a Comment

 

ယသော် ရဲ့ ရင်ခုန်သံ Template by Ipietoon Blogger Template | Gift Idea