Saturday, April 18, 2009

အရွယ်

ရေးသားသူ ယသော် at 6:16 PM
ဟိုးကလေးဘ၀တုန်းကတော့
သူငယ်ချင်း၊ အရုပ်တွေနဲ့ အတန်ထဲက အဆင့်(၁)နေရာ
ဘ၀ဆိုတာ ------- ပျော်ရွှင်ခြင်းရဲ့ ကွင်းပြင်။
ဆယ်ကျော်သက် အရွယ်မှာက
လွတ်လပ်မှု၊ ဒဿနနဲ့ အနုပညာ
ဘ၀ဆိုတာ -------အဆုံးအစမဲ့ မိုးကောင်းကင်။

နှစ်ဆယ်ဝန်းကျင် ကာလတွေက
အချစ်၊ ဘ၀တက်လမ်းနဲ့ နည်းပညာ
ဘ၀ဆိုတာ -------မြင့်မားသီခေါင်တဲ့ တောင်တန်းတောင်စဉ်။

ဟော - အခုလို အစိတ်ပိုင်းကျတော့
ဝင်ငွေ၊ မိသားစုနဲ့ ခိုင်မာတဲ့ ရပ်တည်မှု
ဘ၀ဆိုတာ -------ရေကုန်ရေခန်း ထိုးသတ်ရတဲ့ လက်ဝှေ့စင်။

ဟိုး အနှစ်နှစ်ဆယ်ကြာရင်
ဘ၀ဆိုတာ -------ဓမ္မ၊ ရောင့်ရဲမှုနဲ့ မေတ္တာတရား
(ဆုတစ်ခုသာတောင်းပါဆိုရင်)
ငြိမ်းချမ်းအေးမြရပါစေသား။ ။

0 comments:

Post a Comment

 

ယသော် ရဲ့ ရင်ခုန်သံ Template by Ipietoon Blogger Template | Gift Idea