လွမ်းတယ် သူငယ်ချင်းရယ်
ငါ့အနားမှာ နင်သာရှိခဲ့ရင်လေ
အိမ်မက်မြူတွေလို မှိန်လင်း
နှင်းခတဲ့ ညနေခင်းတွေနဲ့
ဟောဒီ မြို့မြောက်ဦးရဲ့ ရင်ခွင်တွင်းမှာ
ခြေဦးတည့်ရာ စက်ဘီးကိုနင်း
စကားတင်းဆိုဖြစ်ကြမယ် ထင်ရဲ့။
နင်နဲ့သာ ဆိုရင်လေ
ရာဇ၀င်တွေ စွန်းပေနေတဲ့
ဟောဟိုနန်းရာကုန်းရဲ့ အထက်မှာ
မင်းဗာရဲ့ ခြေရာကို ရှာရင်း
စကားပန်းဝါ၀ါတွေကောက်
မတတ်တခေါက် ကဗျာတွေရေး
အတွေးနဲ့တောင် ပျော်တယ်။
လွမ်းတယ် သူငယ်ချင်းရယ်
ကဗျာအကြောင်း၊ စာအကြောင်း
နှောင်းအတိတ်က ပုံရိပ်တွေအကြောင်း
သောင်းပြောင်းထွေလာတွေပြောဖို့
ခရိုးခယိုင် လက်ဖက်ရည်ဆိုင်မှာ
တာရာမင်းဝေရဲ့ ကဗျာတွေကို
အားနာပါးနာနဲ့ ဆန်းစစ်ရင်း
ကာရန်အသစ်တွေ ဖန်ဆင်းဖို့
တောခွေးအူသံတွေရဲ့ ကြား
လရောင်ကို မြိုချထားတဲ့
ခုနှစ်စဉ်ပျောက်ညတွေမှာ
ရောက်တတ်ရာရာ သီချင်းတွေဆိုဖို့
နင့်ကို ငါတမ်းတ
အရမ်းပဲ သတိရနေတယ်။ ။
Blogger Quote
လူကို မကု၊ မူကို ကုတဲ့ ပညာအကြောင်း။
အပ်၊ ဓားမပါဘဲ မှတ်သားစရာပေးတဲ့ အကြောင်း။
ကမ္ဘာနာဆိုတာ လူနာထက်ပိုအရေးကြီးတဲ့အကြောင်း။
စင်ပေါ်တက်ပြီး အများလက်ခုပ်တီးမှ
ဂီတဖြစ်တာ မဟုတ်ဘူး။
လေချွန်သံ အဖိ၊ အဖော့၊ အတိုး၊ အလျှော့မှာ
အနုပညာတွေ ရှိနေကြောင်း။
-------------------- ခေါင်းစဉ်ပေါင်းများစွာ။
Saturday, April 18, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment