ကလေးရေ -----
တစ်နှစ်ပြီးတစ်နှစ် သင်္ကြန်တွေ လည်ခဲ့တာ
အခုဆို - ၁၃ ခါတောင် ရှိခဲ့ပေါ့။
လွန်ခဲ့တဲ့ ၁၃ နှစ်က သင်္ကြန်
အခုထိ ရင်ခုန်သံမြန်ဆဲ။
အဲ - အဲဒီတုန်းက
မေတ္တာတရားတွေနဲ့ လွှမ်းခြုံ
ပျော်ရွှင်ခြင်းတွေနဲ့ ပိုက်ထွေး
သိကြားမင်းပေးတဲ့ လက်ဆောင်လေးတစ်ခု
တို့မိသားစု ရရှိခဲ့
ပိတောက်နဲ့ အပြိုင်၊ မိုးနဲ့ အပြိုင်ပေါ့။
၁၄ ရက်နေ့ ဧပရယ်
ကံကောင်းခြင်းတွေ သယ်ခဲ့ပြီ။
နွေပူပူကို အတာရေနဲ့ အေးစေမတဲ့
ရှေးဆိုစကားနဲ့ အညီပေါ့။
အတာရေနဲ့ မွေးတဲ့ ကလေး
အေးချမ်းမှုတွေနဲ့ ထပ်တူ
ငြိမ်းချမ်းစွာ လူလားမြောက်ပါစေ။
တကယ်ပါ ----
အဲဒီကလေးလေးဟာ -
ငါတို့ရဲ့ ကမ္ဘာ၊ ငါတို့ရဲ့ ကဗျာ
မျှော်လင့်ချက်တွေ ယှက်ဖြာလို့
ယုံကြည်ချက်တွေ ခိုင်မာလို့
တောက်ပတဲ့ အနာဂတ်တွေမှာ
သူ - လင်းလက်စွာ ရပ်တည်နိုင်ပါစေ။ ။
Blogger Quote
လူကို မကု၊ မူကို ကုတဲ့ ပညာအကြောင်း။
အပ်၊ ဓားမပါဘဲ မှတ်သားစရာပေးတဲ့ အကြောင်း။
ကမ္ဘာနာဆိုတာ လူနာထက်ပိုအရေးကြီးတဲ့အကြောင်း။
စင်ပေါ်တက်ပြီး အများလက်ခုပ်တီးမှ
ဂီတဖြစ်တာ မဟုတ်ဘူး။
လေချွန်သံ အဖိ၊ အဖော့၊ အတိုး၊ အလျှော့မှာ
အနုပညာတွေ ရှိနေကြောင်း။
-------------------- ခေါင်းစဉ်ပေါင်းများစွာ။
Friday, April 17, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment