Friday, April 17, 2009

မျှော်လင့်ချက်

ရေးသားသူ ယသော် at 11:44 PM
သတၱဝါဆိုတာ ခရီးသည္တဲ့
ဗုဒ္ဓဘုရားက ဟောကြား
ဟုတ်ရဲ့လားဖေဖေ။
ဒါဆိုရင်သမီးက
ဒီလောကထဲကို မျက်စေ့မှား
ခဏဝင်နားတဲ့ ခရီးသွားတစ်ဦးပေါ့။


ဟောဒီသံသရာလမ်းရဲ့
မထူးဆန်းတဲ့ ဘဝတစ်ခုမှာ
ဒီလောက်ချစ်တဲ့မိဘ
ဒီလောက်ချစ်တဲ့မောင်နှမ
အကောင်းဆုံးတွေရခဲ့ပြီးမှတော့
(သမီး) လောဘမကြီးတော့ပါဘူး

ရာထူးစည်းစိမ် အရှိန်အဝါ
အားလုံးထက်သာတဲ့ အရာတစ်ခု
သမီးတို့မိသားစုဖွဲ့စည်း
(တစ်ကယ်တော့)
မေတ္တာတရားထက်
ဘယ်အရာမှ အားမကြီးနိုင်ပါဘူး...

ဒါကြောင့်ဖေဖေ
သံသရာခရီးစဉ်ထဲက
ပုထုဇဉ်ဒီလူသားအတွက်
မျှော်လင့်ချက်ဆိုတာရှိခဲ့ရင်
ဒီအဖေ ဒီအမေ ဒီအကိုအမ ဒီညီမတို့နဲ့
နောက်ဘဝတွေများစွာ
ပြန်ဆုံပါစေကြောင်း
ဆုတစ်မျိုးတည်းတောင်းမယ်
ဆုတောင်းတို့လည်း ပြည့်ပါရစေ။
ပြန်ပေါင်းလို့လည်းတွေ့ပါရစေ။ ။

0 comments:

Post a Comment

 

ယသော် ရဲ့ ရင်ခုန်သံ Template by Ipietoon Blogger Template | Gift Idea