တကယ်လို့များ
တကယ်လို့များ -------
ငါဟာ ပန်းနတ်ဘုရားဖြစ်ခဲ့ရင်
မွှေးပျံ့တဲ့ အနီရောင်အသား
ဆူးဝတ်လွှာ ခြုံထားတဲ့
နှင်းဆီရဲ့ ဘ၀ကိုပဲ ယူမယ်။
တကယ်လို့များ --------
ကောင်းကင်ဘုံထဲ ရောက်သွားခဲ့ရင်
လူတိုင်းက ခင်တဲ့ဘဝ
မသာလည်း တ၊ သာလည်း တ တဲ့
ငွေလမင်းပဲ ဖြစိချင်တယ်။
တကယ်လို့များ ---------
ဖန်ဆင်းရှင်တပါး ဖြစ်ခဲ့ရင်
စိတ်စေရာ မျောလွင့်နှင်
ကမ္ဘာတစ်ခွင်ကို စပ်စုချင်တဲ့
တိမ်မျှင်လေးပဲ ဖြစ်ချင်တယ်။ ။
Blogger Quote
လူကို မကု၊ မူကို ကုတဲ့ ပညာအကြောင်း။
အပ်၊ ဓားမပါဘဲ မှတ်သားစရာပေးတဲ့ အကြောင်း။
ကမ္ဘာနာဆိုတာ လူနာထက်ပိုအရေးကြီးတဲ့အကြောင်း။
စင်ပေါ်တက်ပြီး အများလက်ခုပ်တီးမှ
ဂီတဖြစ်တာ မဟုတ်ဘူး။
လေချွန်သံ အဖိ၊ အဖော့၊ အတိုး၊ အလျှော့မှာ
အနုပညာတွေ ရှိနေကြောင်း။
-------------------- ခေါင်းစဉ်ပေါင်းများစွာ။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment