Saturday, April 18, 2009

သူငယ်တန်းက ဆရာမ

ရေးသားသူ ယသော် at 5:58 PM
အချစ်၊ အမုန်းတွေ မရှိတော့
ဘ၀က ပိုပြီးလွတ်လပ်လာတယ်။
ငါ အခု မျက်မှန် မတပ်တော့ဘူး။
၅၂၈ နဲ့ နေသားကျနေတော့
၁၅၀၀ လည်း မလိုချင်တော့ဘူးပေါ့။

ပူတယ် ---။
ကလေးကျင့်၊ ကလေးကြံနဲ့
သူငယ်မပြန်ဘဲ
ကလေးပြန်လုပ်ခွင့်ရတာ
တန်တယ် ----။
ကလေးတွေနဲ့ အတူ - ရယ်မယ်။
ကလေးတွေနဲ့ အတူ - ငိုမယ်။
ကလေးတွေနဲ့ အတူ -
ကလေးတွေနဲ့ အတူ ---။

တသားတည်းကြည့်၊ တသားတည်းတွေး
တသားတည်းမြင်
ဖြူစင်သော ကမ္ဘာကြီး
ပကတိအတိုင်းလှ
ကဲ - ညီညီညာညာ နှုတ်ဆက်လိုက်ကြ
မင်္ဂလာပါ လောက။ ။

0 comments:

Post a Comment

 

ယသော် ရဲ့ ရင်ခုန်သံ Template by Ipietoon Blogger Template | Gift Idea