Saturday, April 18, 2009

အားကျစိတ်

ရေးသားသူ ယသော် at 6:21 PM
ဆန္ဒရှိတိုင်းသာ ဖြစ်ခွင့်ရရင်
ငါ - ဧရာဝတီဖြစ်ချင်တယ်။
အားကျလွန်းလို့ပါကွယ်။
ဘ၀ အစကနေ အဆုံး
အသုံးမ၀င်တဲ့ တစ်စိတ်တစ်ဒေသ
နည်းနည်းမှကို မရှိတဲ့သူ။

သူက ပြတ်သားတယ်။
အကြွင်းမဲ့ စွန့်လွှတ်ခြင်းမှာ
ကြော်ငြာဝင်စရာ မလိုဘူး။
ဒါနမြောက်အောင် လှူတဲ့အကြောင်း
ဘယ်ခေါင်းလောင်းမှ ထိုးစရာမလိုဘူး။
သူ့အကြောင်းကို သူမပြောဘူး။
ရာဇ၀င်တွေက ပြောတယ်။
ခေတ်အဆက်ဆက်က ပြောတယ်။

သူ့သမီး၊ သူ့သား
သူ့ရင်ခွင်ရိပ်မှာ ကြီးပွားသွားတဲ့သူတွေ
---- ပြောတယ်။
အဲဒီလိုမျိုး ပြတ်သားခွင့်ပေးပါ။
ငါ - ဧရာဝတီ ဖြစ်ချင်တယ်။ ။

0 comments:

Post a Comment

 

ယသော် ရဲ့ ရင်ခုန်သံ Template by Ipietoon Blogger Template | Gift Idea