တကယ်လို့များ
တကယ်လို့များ -------
ငါဟာ ပန်းနတ်ဘုရားဖြစ်ခဲ့ရင်
မွှေးပျံ့တဲ့ အနီရောင်အသား
ဆူးဝတ်လွှာ ခြုံထားတဲ့
နှင်းဆီရဲ့ ဘ၀ကိုပဲ ယူမယ်။
တကယ်လို့များ --------
ကောင်းကင်ဘုံထဲ ရောက်သွားခဲ့ရင်
လူတိုင်းက ခင်တဲ့ဘဝ
မသာလည်း တ၊ သာလည်း တ တဲ့
ငွေလမင်းပဲ ဖြစိချင်တယ်။
တကယ်လို့များ ---------
ဖန်ဆင်းရှင်တပါး ဖြစ်ခဲ့ရင်
စိတ်စေရာ မျောလွင့်နှင်
ကမ္ဘာတစ်ခွင်ကို စပ်စုချင်တဲ့
တိမ်မျှင်လေးပဲ ဖြစ်ချင်တယ်။ ။
Blogger Quote
လူကို မကု၊ မူကို ကုတဲ့ ပညာအကြောင်း။
အပ်၊ ဓားမပါဘဲ မှတ်သားစရာပေးတဲ့ အကြောင်း။
ကမ္ဘာနာဆိုတာ လူနာထက်ပိုအရေးကြီးတဲ့အကြောင်း။
စင်ပေါ်တက်ပြီး အများလက်ခုပ်တီးမှ
ဂီတဖြစ်တာ မဟုတ်ဘူး။
လေချွန်သံ အဖိ၊ အဖော့၊ အတိုး၊ အလျှော့မှာ
အနုပညာတွေ ရှိနေကြောင်း။
-------------------- ခေါင်းစဉ်ပေါင်းများစွာ။
Saturday, April 18, 2009
အိမ်လွမ်းနာ (Home-Sick)
အကြောင်းပြချက် ရှာလို့မရဘူး။
ရင်ထဲမှာ တခုခုဖြစ်နေတာတော့ သေချာတယ်။
အလေ့ကျပေါက်နေတဲ့ နှင်းဆီရိုင်းလို
အာရုံမှာ မွှေးရှသွားရုံလေး
ကုန်ဆုံးလုလု ညနေခင်းလို
ရင်ခွင်မှာ မှိုင်းပျသွားရုံလေး
ခံစားချက်ပါးပါးလေး တစ်ခုပေါ့။
သေချာတာတော့
တခါတလေမှာ အားငယ်
တခါတလေမှာ ၀မ်းနည်း
တခါတလေမှာ မျက်ရည်ဝဲလို့
ဘယ်ခံစားမှုနဲ့မှလည်း မတူခဲ့
ပူလောင်မှုမဲ့တဲ့ အဖြူရောင်အလွမ်းတွေနဲ့လေ။
ဘယ်အချိန်ထိ တင်းခံရဦးမှာလဲ။
အောင်မြင်မှု ဆိုတဲ့အရာအတွက်
ပေးဆပ်ခဲ့ရတာတွေက မတန်တဆ
ခံနိုင်ရည် မြေမကျခင်တော့
ကံကြမ္မာရေ - အိမ်ပြန်ခွင့်လေးရချင်တယ်။ ။
ရင်ထဲမှာ တခုခုဖြစ်နေတာတော့ သေချာတယ်။
အလေ့ကျပေါက်နေတဲ့ နှင်းဆီရိုင်းလို
အာရုံမှာ မွှေးရှသွားရုံလေး
ကုန်ဆုံးလုလု ညနေခင်းလို
ရင်ခွင်မှာ မှိုင်းပျသွားရုံလေး
ခံစားချက်ပါးပါးလေး တစ်ခုပေါ့။
သေချာတာတော့
တခါတလေမှာ အားငယ်
တခါတလေမှာ ၀မ်းနည်း
တခါတလေမှာ မျက်ရည်ဝဲလို့
ဘယ်ခံစားမှုနဲ့မှလည်း မတူခဲ့
ပူလောင်မှုမဲ့တဲ့ အဖြူရောင်အလွမ်းတွေနဲ့လေ။
ဘယ်အချိန်ထိ တင်းခံရဦးမှာလဲ။
အောင်မြင်မှု ဆိုတဲ့အရာအတွက်
ပေးဆပ်ခဲ့ရတာတွေက မတန်တဆ
ခံနိုင်ရည် မြေမကျခင်တော့
ကံကြမ္မာရေ - အိမ်ပြန်ခွင့်လေးရချင်တယ်။ ။
Categories
Feeling
အင်းဝ

မှေးမှိန် ရင့်ရော် ကာလများ
နေ၀င်ချိန် မရောက်အောင်
ကျားကန်ထားကြ။
ပြီးတော့ - သူက
တမ်းတမ်းတတနဲ့ ပြောသေးရဲ့။
အဲဒီအဖြစ်မျိုး အိမ်မက်ထဲတောင် မမက်ဖူးဘူးတဲ့။
တချိန်တုန်းကတော့
သူလဲ - သိပ်လှခဲ့ဖူးတယ်လေ။ ။
Categories
location
ကျောက်ဆောင်လိုလူ
လွမ်းဆွတ်ခြင်းတွေ တ၀ုန်းဝုန်းဆောင့်နေတာတောင်
ထွက်ခွာခွင့် ပါမစ်မရလို့
မနေချင်ပဲ နေခဲ့ရသူ။
ရွက်လွှင့်နေကြပြီလား။
သွားကြတော့ကွယ်။
ကိုယ့်ကိုယ်ကို ချည်နှောင်ခဲ့တဲ့
တွယ်ရာမဲ့ဒီကမ်းခြေမှာ
မျှော်လင့်ချက် တစ်ခုတစ်လေကို ရှာရင်း
ငါ - ကျန်နေရစ်ပါ့မယ်။ ။
ထွက်ခွာခွင့် ပါမစ်မရလို့
မနေချင်ပဲ နေခဲ့ရသူ။
ရွက်လွှင့်နေကြပြီလား။
သွားကြတော့ကွယ်။
ကိုယ့်ကိုယ်ကို ချည်နှောင်ခဲ့တဲ့
တွယ်ရာမဲ့ဒီကမ်းခြေမှာ
မျှော်လင့်ချက် တစ်ခုတစ်လေကို ရှာရင်း
ငါ - ကျန်နေရစ်ပါ့မယ်။ ။
Categories
Feeling
ကလေးအတွေး
ဘ၀ဆိုတာကြီးက -
လက်နှီးစုတ်လိုပဲ မေမေရဲ့။
လျှော်ရင်း ဖွပ်ရင်းနဲ့သာ
ရိ ရိ လာတယ်။
သူကတော့ - အရင်လို ပြန်ဖြူမလာဘူး။ ။
လက်နှီးစုတ်လိုပဲ မေမေရဲ့။
လျှော်ရင်း ဖွပ်ရင်းနဲ့သာ
ရိ ရိ လာတယ်။
သူကတော့ - အရင်လို ပြန်ဖြူမလာဘူး။ ။
Categories
Feeling
မော်ဒန် မန္တလေး
သက္ကရာဇ်တွေ အကြိမ်ကြိမ် တိုက်စားလို့
ပြောင်းလဲမှု အသစ်အသစ်တွေကြားက
လူလားမြောက်လာတဲ့ မန္တလေး။
အုတ်ကျစ်ကျော်အေး မန္တလေး။
ရတနာပုံ မန္တလေး။
အခုတော့ - မော်ဒန် မန္တလေး။
ရွှေခြေကျင်းနဲ့ စက်ဘီးမြို့တော် မရှိတော့ဘူး။
ဘောင်းဘီတို စကပ်အကွဲနဲ့
မော်တော်ဆိုင်ကယ် စီးတဲ့မြို့။
ရှမ်းခေါက်ဆွဲ အကင်ဆိုင်နဲ့မို့
မုန့်ဟင်းခါးကို အတိတ်မှာ ချန်ခဲ့တဲ့မြို့။
ဆရာမြို့မငြိမ်း ကယ်ပါ။
လက်ဖက်ရည်ကို hip hop နဲ့ မြည်းနေကြပြီ။
စည်ဘီယာ၊ ကာယာအိုကေနဲ့ မန္တလေးည
ဒီလို အချိန်ကြ
နန်းတော်ရှေ့ ဆရာတင်ကို သတိရတယ်။
စာတွေရေးပါဦး အမေမာရေ။
သမီးတို့ မမှီလိုက်တဲ့ မန္တလေးကို
အမေ့ရှေးစကားတွေထဲမှာ ရှာရအောင်။
အမေ မရေးသေးတဲ့ မော်ဒန်မန္တလေးထဲမှာ
အနုပညာငါးစာတွေနဲ့
ကိုယ့်ကိုယ်ကို မျှားရင်း
သမီးတို့လို ငါးငယ်လေးတွေကတော့ -
ကူး - တုန်း - ခတ် - တုန်း ။ ။
ပြောင်းလဲမှု အသစ်အသစ်တွေကြားက
လူလားမြောက်လာတဲ့ မန္တလေး။
အုတ်ကျစ်ကျော်အေး မန္တလေး။
ရတနာပုံ မန္တလေး။
အခုတော့ - မော်ဒန် မန္တလေး။
ရွှေခြေကျင်းနဲ့ စက်ဘီးမြို့တော် မရှိတော့ဘူး။
ဘောင်းဘီတို စကပ်အကွဲနဲ့
မော်တော်ဆိုင်ကယ် စီးတဲ့မြို့။
ရှမ်းခေါက်ဆွဲ အကင်ဆိုင်နဲ့မို့
မုန့်ဟင်းခါးကို အတိတ်မှာ ချန်ခဲ့တဲ့မြို့။
ဆရာမြို့မငြိမ်း ကယ်ပါ။
လက်ဖက်ရည်ကို hip hop နဲ့ မြည်းနေကြပြီ။
စည်ဘီယာ၊ ကာယာအိုကေနဲ့ မန္တလေးည
ဒီလို အချိန်ကြ
နန်းတော်ရှေ့ ဆရာတင်ကို သတိရတယ်။
စာတွေရေးပါဦး အမေမာရေ။
သမီးတို့ မမှီလိုက်တဲ့ မန္တလေးကို
အမေ့ရှေးစကားတွေထဲမှာ ရှာရအောင်။
အမေ မရေးသေးတဲ့ မော်ဒန်မန္တလေးထဲမှာ
အနုပညာငါးစာတွေနဲ့
ကိုယ့်ကိုယ်ကို မျှားရင်း
သမီးတို့လို ငါးငယ်လေးတွေကတော့ -
ကူး - တုန်း - ခတ် - တုန်း ။ ။
Categories
location
အားကျစိတ်
ဆန္ဒရှိတိုင်းသာ ဖြစ်ခွင့်ရရင်
ငါ - ဧရာဝတီဖြစ်ချင်တယ်။
အားကျလွန်းလို့ပါကွယ်။
ဘ၀ အစကနေ အဆုံး
အသုံးမ၀င်တဲ့ တစ်စိတ်တစ်ဒေသ
နည်းနည်းမှကို မရှိတဲ့သူ။
သူက ပြတ်သားတယ်။
အကြွင်းမဲ့ စွန့်လွှတ်ခြင်းမှာ
ကြော်ငြာဝင်စရာ မလိုဘူး။
ဒါနမြောက်အောင် လှူတဲ့အကြောင်း
ဘယ်ခေါင်းလောင်းမှ ထိုးစရာမလိုဘူး။
သူ့အကြောင်းကို သူမပြောဘူး။
ရာဇ၀င်တွေက ပြောတယ်။
ခေတ်အဆက်ဆက်က ပြောတယ်။
သူ့သမီး၊ သူ့သား
သူ့ရင်ခွင်ရိပ်မှာ ကြီးပွားသွားတဲ့သူတွေ
---- ပြောတယ်။
အဲဒီလိုမျိုး ပြတ်သားခွင့်ပေးပါ။
ငါ - ဧရာဝတီ ဖြစ်ချင်တယ်။ ။
ငါ - ဧရာဝတီဖြစ်ချင်တယ်။
အားကျလွန်းလို့ပါကွယ်။
ဘ၀ အစကနေ အဆုံး
အသုံးမ၀င်တဲ့ တစ်စိတ်တစ်ဒေသ
နည်းနည်းမှကို မရှိတဲ့သူ။
သူက ပြတ်သားတယ်။
အကြွင်းမဲ့ စွန့်လွှတ်ခြင်းမှာ
ကြော်ငြာဝင်စရာ မလိုဘူး။
ဒါနမြောက်အောင် လှူတဲ့အကြောင်း
ဘယ်ခေါင်းလောင်းမှ ထိုးစရာမလိုဘူး။
သူ့အကြောင်းကို သူမပြောဘူး။
ရာဇ၀င်တွေက ပြောတယ်။
ခေတ်အဆက်ဆက်က ပြောတယ်။
သူ့သမီး၊ သူ့သား
သူ့ရင်ခွင်ရိပ်မှာ ကြီးပွားသွားတဲ့သူတွေ
---- ပြောတယ်။
အဲဒီလိုမျိုး ပြတ်သားခွင့်ပေးပါ။
ငါ - ဧရာဝတီ ဖြစ်ချင်တယ်။ ။
Categories
ခံယူချက်
ဆက်ရန်ရှိသည်
သွေးတစ်စက်ဟာ
သွေးတစ်စက် မဟုတ်ပါဘူး။
တုတ်တစ်ပြက်၊ ဓားတစ်ပြက်
ဒေါသအတွက် ထွက်တဲ့သွေး။
တိုင်းပြည်၊ လူမျိုး၊ ဘာသာ
ကာကွယ်ရင်း၊ စောင့်ရှောက်ရင်း
မြင့်မြတ်ခြင်းနဲ့ စွန့်တဲ့သွေး။
သေအတူ၊ ရှင်မကွာ
တစ်ဘ၀စာ လက်မောင်းသွေးဖောက်
သစ္စာအတွက် သောက်တဲ့သွေး။
အေလား၊ ဘီလား၊ စီလား။
ခေတ်စားနေတဲ့ ဗိုင်းရပ်စ်
ကံကြမ္မာကို ဆုံးဖြတ်မယ့်သွေး။
ရာဇသွေး၊ ဗမာ့သွေး
ကိုယ့်သွေး၊ ကိုယ့်သား
သွေးကြောင်တယ်၊ သွေးနည်းတယ်။
မျိုးစုံခြယ်ခဲ့တဲ့ သွေးပုံရိပ်။
အသက်သည်သွေး၊ သွေးသည်အသက် တဲ့
သွေးတစ်စက်ဟာ အသက်တစ်ခုစာဖြစ်တယ်။
အသက်တစ်ခုမှာ ဘ၀ပေါင်းများစွာ တည်တယ်။
အဲဒီတော့ -
သင့်သွေးရဲ့လားရာ
သင်ကိုယ်တိုင်ပဲ ရွေးပါ။
သွေးတစ်စက်ဟာ
သွေးတစ်စက် မဟုတ်ပါဘူး။ ။
သွေးတစ်စက် မဟုတ်ပါဘူး။
တုတ်တစ်ပြက်၊ ဓားတစ်ပြက်
ဒေါသအတွက် ထွက်တဲ့သွေး။
တိုင်းပြည်၊ လူမျိုး၊ ဘာသာ
ကာကွယ်ရင်း၊ စောင့်ရှောက်ရင်း
မြင့်မြတ်ခြင်းနဲ့ စွန့်တဲ့သွေး။
သေအတူ၊ ရှင်မကွာ
တစ်ဘ၀စာ လက်မောင်းသွေးဖောက်
သစ္စာအတွက် သောက်တဲ့သွေး။
အေလား၊ ဘီလား၊ စီလား။
ခေတ်စားနေတဲ့ ဗိုင်းရပ်စ်
ကံကြမ္မာကို ဆုံးဖြတ်မယ့်သွေး။
ရာဇသွေး၊ ဗမာ့သွေး
ကိုယ့်သွေး၊ ကိုယ့်သား
သွေးကြောင်တယ်၊ သွေးနည်းတယ်။
မျိုးစုံခြယ်ခဲ့တဲ့ သွေးပုံရိပ်။
အသက်သည်သွေး၊ သွေးသည်အသက် တဲ့
သွေးတစ်စက်ဟာ အသက်တစ်ခုစာဖြစ်တယ်။
အသက်တစ်ခုမှာ ဘ၀ပေါင်းများစွာ တည်တယ်။
အဲဒီတော့ -
သင့်သွေးရဲ့လားရာ
သင်ကိုယ်တိုင်ပဲ ရွေးပါ။
သွေးတစ်စက်ဟာ
သွေးတစ်စက် မဟုတ်ပါဘူး။ ။
Categories
Feeling
နတ်ဆိုးရဲ့အလွန်
အနှစ်နှစ်၊ အလလ တည်ဆောက်ခဲ့တဲ့
အရာအားလုံး --- တစစီ။
ဘယ်အချိန်၊ ဘယ်ကာလမှ
ဒီဘ၀တွေ အခြေကျနိုင်မှာလဲ။
အခုတော့ မိတကွဲ၊ ဖတကွဲနဲ့
လောကဒဏ်ရဲ့ လက်သီးပုန်းတစ်ချက်မှာ
အားလုံးဟာ အလဲလဲ၊ အပြိုပြို။
မငိုပါနဲ့ ကလေးရေ။
ငါတို့လက်တွေ ရှိနေသရွေ့
ငါတို့ အနာဂတ်ကို ငါတို့ ပြန်တည်ဆောက်မယ်။
ငါတို့ခြေထောက်တွေ ရှိနေသရွေ့
မိုးပေါ်မရောက်မချင်း ဆက်လျှောက်ကြမယ်
ငါ့ရဲ့မိသားစုက မင်း
မင်းရဲ့မိသားစုက ငါ
(တစ်ယောက်တည်းလို့ မပြောပါနဲ့။)
သံသရာမှာ အားလုံးဆွေမျိုးဆွေချည်းပါ။
ဝိုင်းဝန်းကြိုးစားကြမှာပေါ့။
ဇွဲ၊ သတ္တိ၊ အားမာန်
ငါတို့တွေမှာ ကျန်နေသရွေ့
အကောင်းမြင်စိတ်နဲ့ မေတ္တာ
ငါတို့ကမ္ဘာမှာ ရှိနေသရွေ့
(မင်းမမေ့လိုက်ပါနဲ့။)
နာဂစ်က - ငါတို့ မျှော်လင့်ချက်တွေကို သတ်မပြစ်နိုင်ဘူးဆိုတာ။ ။
အရာအားလုံး --- တစစီ။
ဘယ်အချိန်၊ ဘယ်ကာလမှ
ဒီဘ၀တွေ အခြေကျနိုင်မှာလဲ။
အခုတော့ မိတကွဲ၊ ဖတကွဲနဲ့
လောကဒဏ်ရဲ့ လက်သီးပုန်းတစ်ချက်မှာ
အားလုံးဟာ အလဲလဲ၊ အပြိုပြို။
မငိုပါနဲ့ ကလေးရေ။
ငါတို့လက်တွေ ရှိနေသရွေ့
ငါတို့ အနာဂတ်ကို ငါတို့ ပြန်တည်ဆောက်မယ်။
ငါတို့ခြေထောက်တွေ ရှိနေသရွေ့
မိုးပေါ်မရောက်မချင်း ဆက်လျှောက်ကြမယ်
ငါ့ရဲ့မိသားစုက မင်း
မင်းရဲ့မိသားစုက ငါ
(တစ်ယောက်တည်းလို့ မပြောပါနဲ့။)
သံသရာမှာ အားလုံးဆွေမျိုးဆွေချည်းပါ။
ဝိုင်းဝန်းကြိုးစားကြမှာပေါ့။
ဇွဲ၊ သတ္တိ၊ အားမာန်
ငါတို့တွေမှာ ကျန်နေသရွေ့
အကောင်းမြင်စိတ်နဲ့ မေတ္တာ
ငါတို့ကမ္ဘာမှာ ရှိနေသရွေ့
(မင်းမမေ့လိုက်ပါနဲ့။)
နာဂစ်က - ငါတို့ မျှော်လင့်ချက်တွေကို သတ်မပြစ်နိုင်ဘူးဆိုတာ။ ။
Categories
Feeling
အရွယ်
ဟိုးကလေးဘ၀တုန်းကတော့
သူငယ်ချင်း၊ အရုပ်တွေနဲ့ အတန်ထဲက အဆင့်(၁)နေရာ
ဘ၀ဆိုတာ ------- ပျော်ရွှင်ခြင်းရဲ့ ကွင်းပြင်။
ဆယ်ကျော်သက် အရွယ်မှာက
လွတ်လပ်မှု၊ ဒဿနနဲ့ အနုပညာ
ဘ၀ဆိုတာ -------အဆုံးအစမဲ့ မိုးကောင်းကင်။
နှစ်ဆယ်ဝန်းကျင် ကာလတွေက
အချစ်၊ ဘ၀တက်လမ်းနဲ့ နည်းပညာ
ဘ၀ဆိုတာ -------မြင့်မားသီခေါင်တဲ့ တောင်တန်းတောင်စဉ်။
ဟော - အခုလို အစိတ်ပိုင်းကျတော့
ဝင်ငွေ၊ မိသားစုနဲ့ ခိုင်မာတဲ့ ရပ်တည်မှု
ဘ၀ဆိုတာ -------ရေကုန်ရေခန်း ထိုးသတ်ရတဲ့ လက်ဝှေ့စင်။
ဟိုး အနှစ်နှစ်ဆယ်ကြာရင်
ဘ၀ဆိုတာ -------ဓမ္မ၊ ရောင့်ရဲမှုနဲ့ မေတ္တာတရား
(ဆုတစ်ခုသာတောင်းပါဆိုရင်)
ငြိမ်းချမ်းအေးမြရပါစေသား။ ။
သူငယ်ချင်း၊ အရုပ်တွေနဲ့ အတန်ထဲက အဆင့်(၁)နေရာ
ဘ၀ဆိုတာ ------- ပျော်ရွှင်ခြင်းရဲ့ ကွင်းပြင်။
ဆယ်ကျော်သက် အရွယ်မှာက
လွတ်လပ်မှု၊ ဒဿနနဲ့ အနုပညာ
ဘ၀ဆိုတာ -------အဆုံးအစမဲ့ မိုးကောင်းကင်။
နှစ်ဆယ်ဝန်းကျင် ကာလတွေက
အချစ်၊ ဘ၀တက်လမ်းနဲ့ နည်းပညာ
ဘ၀ဆိုတာ -------မြင့်မားသီခေါင်တဲ့ တောင်တန်းတောင်စဉ်။
ဟော - အခုလို အစိတ်ပိုင်းကျတော့
ဝင်ငွေ၊ မိသားစုနဲ့ ခိုင်မာတဲ့ ရပ်တည်မှု
ဘ၀ဆိုတာ -------ရေကုန်ရေခန်း ထိုးသတ်ရတဲ့ လက်ဝှေ့စင်။
ဟိုး အနှစ်နှစ်ဆယ်ကြာရင်
ဘ၀ဆိုတာ -------ဓမ္မ၊ ရောင့်ရဲမှုနဲ့ မေတ္တာတရား
(ဆုတစ်ခုသာတောင်းပါဆိုရင်)
ငြိမ်းချမ်းအေးမြရပါစေသား။ ။
Categories
ခံယူချက်
ချဉ်ခြင်း
စိတ်ကူးထဲမှာ -
အေးချမ်းတဲ့ အိမ်လေးတစ်လုံး
စာကြည့်တိုက် ကြီးကြီးတစ်ခု
မိသားစုက အနီးမှာ
တောအုပ်၊ တောတန်းများ
စမ်းချောင်းလေးလဲ စီးဆင်း
ရှုသွင်းတဲ့လေကတောင် သဘာဝကျကျ
ကွယ် - ရများရခဲ့ရင်ပေါ့။ ။
Categories
Feeling
ဆိပ်ဖလူး
အဖြည့်ခံလို့ မပြောရက်ဘူး။
သူလဲ သူ့ခံယူချက်နဲ့သူ။
အေးမြတဲ့ လရောင်ကိုချစ်လို့
အမှောင်ကိုပဲ ရွေးခဲ့သူ။
သူ - ပျော်ပါရဲ့လား။
နတ်ပန်းချီမှားခဲ့ထင်ရဲ့။
ဟောဒီ အဆင်းမျိုးနဲ့
အလင်းမှာသာ ၀င့်ခဲ့ရင်
သေချာပေါက် တော်ဝင်ရှာမပေါ့။
အတိတ်ရေခံမြေခံကောင်းခဲ့တော့
ပေါင်းမသင်၊ ရေမလောင်းပဲနဲ့တောင်
ထိန်းမရ၊ သိမ်းမရ
လေသွေးလေတိုင်း
(ဟောဒီ ကွင်းတစ်ပြင်လုံး) မွှေးလို့၊ မြလို့။
မာနမဲ့ရှာသူလေ။
ကြွေချင်ကြွေ၊ ခူးချင်ခူး
သူကတော့ -
တနေ့ကူးတိုင်း အဖူးသစ်ဆင်
သူ့ရာဇ၀င်ကို
အသစ်ထပ်ထပ် ပြင်လို့။ ။
သူလဲ သူ့ခံယူချက်နဲ့သူ။
အေးမြတဲ့ လရောင်ကိုချစ်လို့
အမှောင်ကိုပဲ ရွေးခဲ့သူ။
သူ - ပျော်ပါရဲ့လား။
နတ်ပန်းချီမှားခဲ့ထင်ရဲ့။
ဟောဒီ အဆင်းမျိုးနဲ့
အလင်းမှာသာ ၀င့်ခဲ့ရင်
သေချာပေါက် တော်ဝင်ရှာမပေါ့။
အတိတ်ရေခံမြေခံကောင်းခဲ့တော့
ပေါင်းမသင်၊ ရေမလောင်းပဲနဲ့တောင်
ထိန်းမရ၊ သိမ်းမရ
လေသွေးလေတိုင်း
(ဟောဒီ ကွင်းတစ်ပြင်လုံး) မွှေးလို့၊ မြလို့။
မာနမဲ့ရှာသူလေ။
ကြွေချင်ကြွေ၊ ခူးချင်ခူး
သူကတော့ -
တနေ့ကူးတိုင်း အဖူးသစ်ဆင်
သူ့ရာဇ၀င်ကို
အသစ်ထပ်ထပ် ပြင်လို့။ ။
Categories
Feeling
အနေအထိုင် မတတ်တဲ့ကမ္ဘာ
တချို့နေရာတွေမှာ ရေကြီးတယ်။
တချို့နေရာတွေမှာ မိုးခေါင်တယ်။
မုန်တိုင်းတွေ မွှေတယ်။
မြေတွေ ပြိုတယ်။
တောမီး၊ စစ်မီး၊ အနုမြူမီး
ဒီကမ္ဘာကြီးကိုက ဒုက္ခကြီးလွန်းတယ်။
အသစ်၊ အသစ်တွေနောက် လိုက်ကြတော့
အဟောင်းတွေက ပျောက်ပျောက်ကုန်ကြပေါ့။
(စဉ်းစားကြည့်ပါ။)
ရလာတဲ့ အသစ်တွေက ရောဂါတွေ ဖြစ်ပြီး
ပျောက်သွားတဲ့ အရာတွေက
သဘာဝတရား၊ ယဉ်ကျေးမှုနဲ့ နွေးထွေးကြင်နာမှု
ရာစုနှစ်များစွာ ထိုးကျွေးလိုက်ရသလိုပဲ။
--------------- မတန်ဘူး။
လောဘမီး၊ ဒေါသမီး၊ မောဟမီးတွေ မငြိမ်းသေးသမျှ
လူတွေက ဥတုကို ဖန်ဆင်း
ဥတုက လူတွေကို ဖန်ဆင်း
မစွန်းရင်းတွေရှိလို့ ကန်စွန်းခင်းတွေ ငြိကြ
ဒီဝဲဂယက်ထဲက -
မင်းလဲပဲ ရုန်းမရ၊ ငါလည်းပဲ ရုန်းမရ
(အဆုံးမတော့ -----)
ဒီကမ္ဘာကြီးကိုက ဒုက္ခကြီးလွန်းတယ်။ ။
တချို့နေရာတွေမှာ မိုးခေါင်တယ်။
မုန်တိုင်းတွေ မွှေတယ်။
မြေတွေ ပြိုတယ်။
တောမီး၊ စစ်မီး၊ အနုမြူမီး
ဒီကမ္ဘာကြီးကိုက ဒုက္ခကြီးလွန်းတယ်။
အသစ်၊ အသစ်တွေနောက် လိုက်ကြတော့
အဟောင်းတွေက ပျောက်ပျောက်ကုန်ကြပေါ့။
(စဉ်းစားကြည့်ပါ။)
ရလာတဲ့ အသစ်တွေက ရောဂါတွေ ဖြစ်ပြီး
ပျောက်သွားတဲ့ အရာတွေက
သဘာဝတရား၊ ယဉ်ကျေးမှုနဲ့ နွေးထွေးကြင်နာမှု
ရာစုနှစ်များစွာ ထိုးကျွေးလိုက်ရသလိုပဲ။
--------------- မတန်ဘူး။
လောဘမီး၊ ဒေါသမီး၊ မောဟမီးတွေ မငြိမ်းသေးသမျှ
လူတွေက ဥတုကို ဖန်ဆင်း
ဥတုက လူတွေကို ဖန်ဆင်း
မစွန်းရင်းတွေရှိလို့ ကန်စွန်းခင်းတွေ ငြိကြ
ဒီဝဲဂယက်ထဲက -
မင်းလဲပဲ ရုန်းမရ၊ ငါလည်းပဲ ရုန်းမရ
(အဆုံးမတော့ -----)
ဒီကမ္ဘာကြီးကိုက ဒုက္ခကြီးလွန်းတယ်။ ။
Categories
Feeling
ငယ်ငယ်တုန်းက နေတဲ့အိမ်
အခုမှ ပြန်စဉ်းစားတော့
မီးဖိုချောင် ငရုတ်သီးထောင်းမကျန်
Green-house effect ရဲ့ အခြေခံ အထိ
Global ကြည့် ကြည့်တတ်အောင်
အဲဒီကပဲ သင်ခဲ့တာ။
ကိုယ့်ခြံ၊ ကိုယ့်ရေ၊ ကိုယ့်မြေ
တန်ဖိုးထားတတ်အောင်မက
တကယ့်လူ့ဘ၀ရဲ့တန်ဖိုး
မသိလိုက် မသိဖာသာ
အဲဒီမှာ သင်ခဲ့တယ်။
လူမှုရေး၊ စီးပွားရေး
ဘာသာရေး၊ ပညာရေး
ကျန်းမာရေးတို့က အစ
လောကရဲ့ သင်ပုန်းကြီးအားလုံး
မောင်နှမအားလုံး အဲဒီမှာ ကျေခဲ့တယ်။
အခုမှ ပြန်စဉ်းစားကြည့်တော့
အသက်ရှုဝခဲ့တဲ့
ငယ်ဘ၀က အဲဒီနေ့ရက်တွေသာ မရှိရင်
ဒီအချိန်၊ ဒီနေရာမှာ
ဒီလိုခံယူချက်တွေနဲ့ ရပ်တည်ဖို့ဆိုတာ
သေချာနိုင်ပါ့မလား။
အတွေးတွေက
ဝေ - ဝေ - ၀ါး - ၀ါး - ရယ်။
လာမယ့် မျိုးဆက်မှာရော
ဒီလို အခွင့်အရေးမျိုး ပေးနိုင်ပါဦးမလား။
အနာဂတ်တွေကလည်း
မှုန် - မှုန် - ၀ါး - ၀ါး -ရယ်။ ။
မီးဖိုချောင် ငရုတ်သီးထောင်းမကျန်
Green-house effect ရဲ့ အခြေခံ အထိ
Global ကြည့် ကြည့်တတ်အောင်
အဲဒီကပဲ သင်ခဲ့တာ။
ကိုယ့်ခြံ၊ ကိုယ့်ရေ၊ ကိုယ့်မြေ
တန်ဖိုးထားတတ်အောင်မက
တကယ့်လူ့ဘ၀ရဲ့တန်ဖိုး
မသိလိုက် မသိဖာသာ
အဲဒီမှာ သင်ခဲ့တယ်။
လူမှုရေး၊ စီးပွားရေး
ဘာသာရေး၊ ပညာရေး
ကျန်းမာရေးတို့က အစ
လောကရဲ့ သင်ပုန်းကြီးအားလုံး
မောင်နှမအားလုံး အဲဒီမှာ ကျေခဲ့တယ်။
အခုမှ ပြန်စဉ်းစားကြည့်တော့
အသက်ရှုဝခဲ့တဲ့
ငယ်ဘ၀က အဲဒီနေ့ရက်တွေသာ မရှိရင်
ဒီအချိန်၊ ဒီနေရာမှာ
ဒီလိုခံယူချက်တွေနဲ့ ရပ်တည်ဖို့ဆိုတာ
သေချာနိုင်ပါ့မလား။
အတွေးတွေက
ဝေ - ဝေ - ၀ါး - ၀ါး - ရယ်။
လာမယ့် မျိုးဆက်မှာရော
ဒီလို အခွင့်အရေးမျိုး ပေးနိုင်ပါဦးမလား။
အနာဂတ်တွေကလည်း
မှုန် - မှုန် - ၀ါး - ၀ါး -ရယ်။ ။
Categories
Feeling
ကုထုံး
ဘ၀က မွန်းကြပ်လာတဲ့အခါ
စိတ်ထဲမှာ ကဗျာကို ဆာတယ်။
ရင်ဘတ်ဒဏ်ရာကို ကုဖို့
အနာဟောင်း၊ အနာဆွေးတွေ
ကဗျာနဲ့ ဆေးကြောပါ။
လူကျန်းမာသလို
စိတ်ကျန်းမာစေဖို့
နေ့ရှိသရွေ့ ငါ့မှာ-
ကဗျာတွေသာ အဖော်ပြုနေရတော့တယ်။ ။
စိတ်ထဲမှာ ကဗျာကို ဆာတယ်။
ရင်ဘတ်ဒဏ်ရာကို ကုဖို့
အနာဟောင်း၊ အနာဆွေးတွေ
ကဗျာနဲ့ ဆေးကြောပါ။
လူကျန်းမာသလို
စိတ်ကျန်းမာစေဖို့
နေ့ရှိသရွေ့ ငါ့မှာ-
ကဗျာတွေသာ အဖော်ပြုနေရတော့တယ်။ ။
Categories
Feeling
ကြိုး
စက်နဲ့စုပ်၊ လေနဲ့မှုတ်
ဖုတ်လှိုက်၊ ဖုတ်လှိုက် အသက်
(အခုမှ) ၀မ်းတွင်းထွက်ခါစ ကလေး
လူထက်လေးခဲ့သော ဆေးများ
အားတင်းရင်း အသက်ရှင်
ဒါလူ့ဖြစ်စဉ် အစ။
ကြိုးစားပါ ကလေးရေ။
အသက် တစ်ချက်ရှုတိုင်းဟာ
လောကကို စိန်ခေါ်တာကွဲ့။
ရဲရဲရှု၊ ရဲရဲငို
အို - တလောကလုံး တုန်ချင်တုန်ပါစေ။
ဘ၀ဆိုတာက ကလေးရယ်။
ဖောက်ထွင်းမြင်နိုင်တဲ့ ဖန်ခွက်
ရေထည့်ရင် ရေခွက်
ရွှေထည့်ရင် ရွှေခွက်
ထည့်သူနဲ့ ကြည့်သူ
အမြင်တူဖို့ပဲ လိုတယ်။
ထည့်ပစ်လိုက်စမ်းပါ။
ဘာတွေပဲ ဖြစ်ဖြစ်
မှားရင်လဲ ပြန်ပြင်
လဲရင်လဲ ပြန်ထ
ဒေါင်ပဲကျကျ၊ ပြားပဲကျကျပေါ့။
အရေးကြီးတာက
လောကကိုလည်း ခင်တွယ်
မိဘကိုလည်း ခင်တွယ်
သံယောဇဉ်တွေသာ ရှိမယ်ဆိုရင်
မင်းလူတော်လူကောင်းဖြစ်အောင်
အချိန်နဲ့ ကံကြမ္မာက
(သူ့အလိုလို) ပြုပြင်ပေးပါလိမ့်မယ်။ ။
ဖုတ်လှိုက်၊ ဖုတ်လှိုက် အသက်
(အခုမှ) ၀မ်းတွင်းထွက်ခါစ ကလေး
လူထက်လေးခဲ့သော ဆေးများ
အားတင်းရင်း အသက်ရှင်
ဒါလူ့ဖြစ်စဉ် အစ။
ကြိုးစားပါ ကလေးရေ။
အသက် တစ်ချက်ရှုတိုင်းဟာ
လောကကို စိန်ခေါ်တာကွဲ့။
ရဲရဲရှု၊ ရဲရဲငို
အို - တလောကလုံး တုန်ချင်တုန်ပါစေ။
ဘ၀ဆိုတာက ကလေးရယ်။
ဖောက်ထွင်းမြင်နိုင်တဲ့ ဖန်ခွက်
ရေထည့်ရင် ရေခွက်
ရွှေထည့်ရင် ရွှေခွက်
ထည့်သူနဲ့ ကြည့်သူ
အမြင်တူဖို့ပဲ လိုတယ်။
ထည့်ပစ်လိုက်စမ်းပါ။
ဘာတွေပဲ ဖြစ်ဖြစ်
မှားရင်လဲ ပြန်ပြင်
လဲရင်လဲ ပြန်ထ
ဒေါင်ပဲကျကျ၊ ပြားပဲကျကျပေါ့။
အရေးကြီးတာက
လောကကိုလည်း ခင်တွယ်
မိဘကိုလည်း ခင်တွယ်
သံယောဇဉ်တွေသာ ရှိမယ်ဆိုရင်
မင်းလူတော်လူကောင်းဖြစ်အောင်
အချိန်နဲ့ ကံကြမ္မာက
(သူ့အလိုလို) ပြုပြင်ပေးပါလိမ့်မယ်။ ။
Categories
Feeling
လောက
ငါ ဘာမှ မပြောခဲ့ရိုးအမှန်ပါ။
သူတို့ဘာသာ စွဲချက်တင်
သူတို့ဘာသာ ဆုံးဖြတ်ချက်ချ
ငါဘာမှ မသိခဲ့ရပါဘူး။
ချီးမွမ်းခြင်း ရက်သတ္တပတ်
ကဲ့ရဲ့ခြင်း ရက်သတ္တပတ်
အပြန်အလှန် ကူးခတ်ရင်း
ဟောဒီ လောကဇာတ်ထဲမှာ
ငါလည်း မောလှပါပြီ။
တေမိကိုတောင် စကားများတယ်လို့
လက်တို့ပြောတတ်တဲ့ လူတွေရဲ့ကြား
ရေလိုက်ငါးလိုက် လုပ်ရင်း
ကြာရင် ရေလိုက်လွဲငါးဖြစ်သွားမှာ
ငါ တကယ်ကြောက်ပါတယ်။
မွန်းတည့်နေမှာ
မတ်မတ်လျှောက်မှတော့
အရိပ်ပျောက်ရတာ ဓမ္မတာမို့
ကျောပူရင် ပူပါစေတော့
ငါ ဆက်လျှောက်ပါရစေ။ ။
သူတို့ဘာသာ စွဲချက်တင်
သူတို့ဘာသာ ဆုံးဖြတ်ချက်ချ
ငါဘာမှ မသိခဲ့ရပါဘူး။
ချီးမွမ်းခြင်း ရက်သတ္တပတ်
ကဲ့ရဲ့ခြင်း ရက်သတ္တပတ်
အပြန်အလှန် ကူးခတ်ရင်း
ဟောဒီ လောကဇာတ်ထဲမှာ
ငါလည်း မောလှပါပြီ။
တေမိကိုတောင် စကားများတယ်လို့
လက်တို့ပြောတတ်တဲ့ လူတွေရဲ့ကြား
ရေလိုက်ငါးလိုက် လုပ်ရင်း
ကြာရင် ရေလိုက်လွဲငါးဖြစ်သွားမှာ
ငါ တကယ်ကြောက်ပါတယ်။
မွန်းတည့်နေမှာ
မတ်မတ်လျှောက်မှတော့
အရိပ်ပျောက်ရတာ ဓမ္မတာမို့
ကျောပူရင် ပူပါစေတော့
ငါ ဆက်လျှောက်ပါရစေ။ ။
Categories
ခံယူချက်
ပြိုင်ပွဲ
လျှောက်ခဲ့တဲ့ ခြေလှမ်း အထောင်၊ အသောင်းထက်
ရောက်ခါနီး ခြေတစ်လှမ်းက
အများကြီး ပိုပင်ပန်းတယ်။
လဲပြီးပဲ ကျကျ
ခဏပဲ နားနား
ဖြတ်လမ်းကပဲ သွားသွား
ကြားထဲကပဲ ၀င်ဝင်
ပန်းတိုင်အရင်ရောက်ရင် - နိုင်မယ်။
ငါတို့ပေးရတာက တစ်ဘဝ
သူတို့ဆုံးဖြတ်တာက တဒင်္ဂ
အသုံးပြုပါများတော့ အလေ့အထဖြစ်
မွေးကတည်းက ဒီစနစ်နဲ့ ကြီးပြင်း
သွားရင်း - သွားရင်း - သွားရင်း ----။
ငါ --------
ပန်းဝင်တဲ့ အချိန်ကလွဲ၇င်
ကျန်ခြေလှမ်တွေ မလှမ်းတတ်တော့ပါ။ ။
ရောက်ခါနီး ခြေတစ်လှမ်းက
အများကြီး ပိုပင်ပန်းတယ်။
လဲပြီးပဲ ကျကျ
ခဏပဲ နားနား
ဖြတ်လမ်းကပဲ သွားသွား
ကြားထဲကပဲ ၀င်ဝင်
ပန်းတိုင်အရင်ရောက်ရင် - နိုင်မယ်။
ငါတို့ပေးရတာက တစ်ဘဝ
သူတို့ဆုံးဖြတ်တာက တဒင်္ဂ
အသုံးပြုပါများတော့ အလေ့အထဖြစ်
မွေးကတည်းက ဒီစနစ်နဲ့ ကြီးပြင်း
သွားရင်း - သွားရင်း - သွားရင်း ----။
ငါ --------
ပန်းဝင်တဲ့ အချိန်ကလွဲ၇င်
ကျန်ခြေလှမ်တွေ မလှမ်းတတ်တော့ပါ။ ။
Categories
Feeling
သူငယ်တန်းက ဆရာမ
အချစ်၊ အမုန်းတွေ မရှိတော့
ဘ၀က ပိုပြီးလွတ်လပ်လာတယ်။
ငါ အခု မျက်မှန် မတပ်တော့ဘူး။
၅၂၈ နဲ့ နေသားကျနေတော့
၁၅၀၀ လည်း မလိုချင်တော့ဘူးပေါ့။
ပူတယ် ---။
ကလေးကျင့်၊ ကလေးကြံနဲ့
သူငယ်မပြန်ဘဲ
ကလေးပြန်လုပ်ခွင့်ရတာ
တန်တယ် ----။
ကလေးတွေနဲ့ အတူ - ရယ်မယ်။
ကလေးတွေနဲ့ အတူ - ငိုမယ်။
ကလေးတွေနဲ့ အတူ -
ကလေးတွေနဲ့ အတူ ---။
တသားတည်းကြည့်၊ တသားတည်းတွေး
တသားတည်းမြင်
ဖြူစင်သော ကမ္ဘာကြီး
ပကတိအတိုင်းလှ
ကဲ - ညီညီညာညာ နှုတ်ဆက်လိုက်ကြ
မင်္ဂလာပါ လောက။ ။
ဘ၀က ပိုပြီးလွတ်လပ်လာတယ်။
ငါ အခု မျက်မှန် မတပ်တော့ဘူး။
၅၂၈ နဲ့ နေသားကျနေတော့
၁၅၀၀ လည်း မလိုချင်တော့ဘူးပေါ့။
ပူတယ် ---။
ကလေးကျင့်၊ ကလေးကြံနဲ့
သူငယ်မပြန်ဘဲ
ကလေးပြန်လုပ်ခွင့်ရတာ
တန်တယ် ----။
ကလေးတွေနဲ့ အတူ - ရယ်မယ်။
ကလေးတွေနဲ့ အတူ - ငိုမယ်။
ကလေးတွေနဲ့ အတူ -
ကလေးတွေနဲ့ အတူ ---။
တသားတည်းကြည့်၊ တသားတည်းတွေး
တသားတည်းမြင်
ဖြူစင်သော ကမ္ဘာကြီး
ပကတိအတိုင်းလှ
ကဲ - ညီညီညာညာ နှုတ်ဆက်လိုက်ကြ
မင်္ဂလာပါ လောက။ ။
Categories
Teacher
Feed-back
အိပ်ရာထ မှန်ကြည့်တော့
ပါးပေါ်က ၀က်ခြံဖုမြင်တယ်။
အသက်တစ်ရက် ကြီးလာတာကိုတော့
အမှုမဲ့၊ အမှတ်မဲ့။
၃၅ လမ်းပေါ်မှာ
ဗြဟ္မစိုရ်ကားနဲ့ အခါခါကြုံတယ်။
ကိုယ့်အလှည့် မရောက်သေးသမျှ
သူတပါးရဲ့ အနိစ္စတရား
အမှုမဲ့၊ အမှတ်မဲ့။
ကျောင်းတုန်းက သင်တဲ့စာ
တကယ့်ဘ၀ရဲ့ သင်ခန်းစာ
ပြောင်းလဲလာတဲ့ ဆေးပညာ
တူတာတွေ၊ မတူတာတွေ
လူနာတွေရဲ့ အခြေအနေ အသီးသီး
အမှုမဲ့၊ အမှတ်မဲ့။
-------------------------
----------------------------------
ပါးပေါ်က ၀က်ခြံဖုမြင်တယ်။
အသက်တစ်ရက် ကြီးလာတာကိုတော့
အမှုမဲ့၊ အမှတ်မဲ့။
၃၅ လမ်းပေါ်မှာ
ဗြဟ္မစိုရ်ကားနဲ့ အခါခါကြုံတယ်။
ကိုယ့်အလှည့် မရောက်သေးသမျှ
သူတပါးရဲ့ အနိစ္စတရား
အမှုမဲ့၊ အမှတ်မဲ့။
ကျောင်းတုန်းက သင်တဲ့စာ
တကယ့်ဘ၀ရဲ့ သင်ခန်းစာ
ပြောင်းလဲလာတဲ့ ဆေးပညာ
တူတာတွေ၊ မတူတာတွေ
လူနာတွေရဲ့ အခြေအနေ အသီးသီး
အမှုမဲ့၊ အမှတ်မဲ့။
-------------------------
----------------------------------
Categories
Doctor's life
မှာတမ်း
ဂျူတီဝင်တယ်၊ ဂျူတီထွက်တယ်။
နာရီတံ နှစ်ခါလည်တိုင်း
အသက်တစ်ရက် ကြီးလာတယ်။
သွေးချိန်တယ်၊ ဆေးထိုးတယ်။
ဗိုက်နာတယ်လား။
ခေါင်းမူးတယ်လား။
ကောင်းသွားမှာပါ။
မတည့်တာ မစားနဲ့။
သက်သာသလိုနေ။
စိတ်ကို ရှည်ရှည်ထား။
ကောင်းသွားမှာပါ။
သွေးအန်တယ်လား။
ဘယ်တုန်းကလဲ။
ဘယ်လောက်များလဲ။
အကြီးတွေဆီ ဖုန်းဆက်
ဟုတ်ကဲ့ - မမ။
ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ပါ မမ။
လူနာအသစ်လား။
ဘာဖြစ်လဲ။ ဘယ်လိုနေလဲ။
ဒီဟာစစ်ရမယ်။ ဟိုဟာစစ်ရမယ်။
ရလာတဲ့အဖြေ
သေချာပါ့မလား။
(စက်ကိရိယာတွေ အားကိုးနဲ့။)
ဂျူတီဝင်တယ်။ ဂျူတီထွက်တယ်။
နာရီတံ နှစ်ခါလည်တိုင်း
အသက်တစ်ရက်ကြီးလာတယ်။
(ဦးနှောက်တွေရော ကြီးလာပါရဲ့လား။)
(နှလုံးသားတွေရော ပြည့်ဝပါရဲ့လား။)
(အသိစိတ်တွေရော ရင့်ကျက်ပါရဲ့လား။)
ငယ်ငယ်တုန်းက အမြဲပြောတယ်။
သမီးကြီးရင် ဆရာဝန်လုပ်မယ်လို့။
မေမေနေမကောင်းရင်ကုဖို့။
ဒီတခေါက် စာရေးတယ်။
မေမေရေ -
နေကောင်းအောင် နေနော်။
အဆင့်မြင့်ဆေးရုံကြီးပေါ်က
အလုပ်သင်ဆရာဝန် မေမေ့သမီးငယ်လေ။
တကယ်ပါ -
မေမေဖျားမှာ ကြောက်တယ်။ ။
နာရီတံ နှစ်ခါလည်တိုင်း
အသက်တစ်ရက် ကြီးလာတယ်။
သွေးချိန်တယ်၊ ဆေးထိုးတယ်။
ဗိုက်နာတယ်လား။
ခေါင်းမူးတယ်လား။
ကောင်းသွားမှာပါ။
မတည့်တာ မစားနဲ့။
သက်သာသလိုနေ။
စိတ်ကို ရှည်ရှည်ထား။
ကောင်းသွားမှာပါ။
သွေးအန်တယ်လား။
ဘယ်တုန်းကလဲ။
ဘယ်လောက်များလဲ။
အကြီးတွေဆီ ဖုန်းဆက်
ဟုတ်ကဲ့ - မမ။
ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ပါ မမ။
လူနာအသစ်လား။
ဘာဖြစ်လဲ။ ဘယ်လိုနေလဲ။
ဒီဟာစစ်ရမယ်။ ဟိုဟာစစ်ရမယ်။
ရလာတဲ့အဖြေ
သေချာပါ့မလား။
(စက်ကိရိယာတွေ အားကိုးနဲ့။)
ဂျူတီဝင်တယ်။ ဂျူတီထွက်တယ်။
နာရီတံ နှစ်ခါလည်တိုင်း
အသက်တစ်ရက်ကြီးလာတယ်။
(ဦးနှောက်တွေရော ကြီးလာပါရဲ့လား။)
(နှလုံးသားတွေရော ပြည့်ဝပါရဲ့လား။)
(အသိစိတ်တွေရော ရင့်ကျက်ပါရဲ့လား။)
ငယ်ငယ်တုန်းက အမြဲပြောတယ်။
သမီးကြီးရင် ဆရာဝန်လုပ်မယ်လို့။
မေမေနေမကောင်းရင်ကုဖို့။
ဒီတခေါက် စာရေးတယ်။
မေမေရေ -
နေကောင်းအောင် နေနော်။
အဆင့်မြင့်ဆေးရုံကြီးပေါ်က
အလုပ်သင်ဆရာဝန် မေမေ့သမီးငယ်လေ။
တကယ်ပါ -
မေမေဖျားမှာ ကြောက်တယ်။ ။
Categories
Doctor's life
အနီရောင်
ပြောမထွက်ဘူး။
မိခင်လောင်းလေးက နုငယ်တယ်။
၁၉ - ဆိုတာ
အရွယ်ရဲ့ကောင်းခြင်းနဲ့ ပြည့်စုံတဲ့ကာလ။
ရူးရူးမိုက်မိုက်နဲ့ အိမ်ထောင်ကျ
ယောင်္ကျားက ကားစပယ်ယာ။
နေတာက မြို့သစ်အစွန်အဖျား။
ကောင်မလေးရယ် ---
သုံးတန်းကျောင်းထွက် ညည်းနားလည်အောင်
ဘယ်လို စကားနဲ့များ ငါပြောရမလဲ။
ကျေးဇူးပြုပြီး -
မျှော်လင့်ချက် အရောင်တွေထွက်နေတဲ့
အဲဒီ မျက်ဝန်းလက်လက်တွေနဲ့
ငါ့ကို မကြည့်ပါနဲ့။
ညည်းအတွက် --------
ညည်းရင်သွေးလေးအတွက် ------
ညည်းတစ်ခါမှ တွေးမကြည့်ဖူးတဲ့
ငါတို့အားလုံးရဲ့ အနာဂတ်တွေအတွက် -----
ညည်းနာမည်အောက်က
အနီရောင် Retro (+)
(ဖြစ်နိုင်ရင်)
ငါ - ဖျက်ပစ်ပေးချင်ရဲ့။ ။
မိခင်လောင်းလေးက နုငယ်တယ်။
၁၉ - ဆိုတာ
အရွယ်ရဲ့ကောင်းခြင်းနဲ့ ပြည့်စုံတဲ့ကာလ။
ရူးရူးမိုက်မိုက်နဲ့ အိမ်ထောင်ကျ
ယောင်္ကျားက ကားစပယ်ယာ။
နေတာက မြို့သစ်အစွန်အဖျား။
ကောင်မလေးရယ် ---
သုံးတန်းကျောင်းထွက် ညည်းနားလည်အောင်
ဘယ်လို စကားနဲ့များ ငါပြောရမလဲ။
ကျေးဇူးပြုပြီး -
မျှော်လင့်ချက် အရောင်တွေထွက်နေတဲ့
အဲဒီ မျက်ဝန်းလက်လက်တွေနဲ့
ငါ့ကို မကြည့်ပါနဲ့။
ညည်းအတွက် --------
ညည်းရင်သွေးလေးအတွက် ------
ညည်းတစ်ခါမှ တွေးမကြည့်ဖူးတဲ့
ငါတို့အားလုံးရဲ့ အနာဂတ်တွေအတွက် -----
ညည်းနာမည်အောက်က
အနီရောင် Retro (+)
(ဖြစ်နိုင်ရင်)
ငါ - ဖျက်ပစ်ပေးချင်ရဲ့။ ။
Categories
Doctor's life
ခေါ်သံ
ကိုယ့်လက်တကမ်းမှာ
ကမ္ဘာပျက်နေတဲ့အချိန်။
ဟောဒီမှာ -
ငါ ငြိမ်ငြိမ်ထိုင်နေလို့ ရပါ့မလား။
ဆရာဝန်တစ်ယောက်ရဲ့ နှလုံးသားက
ဦးနှောက်ကို စိန်ခေါ်တယ်။
အသိစိတ်ကို လှုပ်နှိုးတယ်။
လွင့်၊ မျော၊ ကြေကွဲ
ဘ၀ပေါင်းများစွာ
ဟောဟိုမှာ -
ငါ့ကိုစောင့်နေရဲ့။
ကြိမ်စင်္ကြာရိုက်စရာ မလိုဘူး။
ဘေးဒုက္ခ တစ်ခုကြုံတိုင်းဟာ
ငါတို့တွေ အတွက် ခေါင်းလောင်းသံပဲ။
ရောက်ရာအရပ်က လှည့်ပြန်ခဲ့မယ်။
သိတယ်။
နှမ်းတစ်လုံးနဲ့ ဆီမဖြစ်ဘူးဆိုတာ။
ဒါပေမယ့် - နှမ်းမှန်ရင် ဆီကြိတ်ခံနိုင်ရမယ်။
ဒီနေ့ မဟုတ်ရင် မနက်ဖြန်
မင်းတို့အတွက် ရှင်သန်ဖို့
ငါ - မရောက်ရောက်အောင် ပြန်ခဲ့မယ်။ ။
(၂-၅-၀၈ နာဂစ်လေမုန်တိုင်း အပြီးကာလများသို့)
ကမ္ဘာပျက်နေတဲ့အချိန်။
ဟောဒီမှာ -
ငါ ငြိမ်ငြိမ်ထိုင်နေလို့ ရပါ့မလား။
ဆရာဝန်တစ်ယောက်ရဲ့ နှလုံးသားက
ဦးနှောက်ကို စိန်ခေါ်တယ်။
အသိစိတ်ကို လှုပ်နှိုးတယ်။
လွင့်၊ မျော၊ ကြေကွဲ
ဘ၀ပေါင်းများစွာ
ဟောဟိုမှာ -
ငါ့ကိုစောင့်နေရဲ့။
ကြိမ်စင်္ကြာရိုက်စရာ မလိုဘူး။
ဘေးဒုက္ခ တစ်ခုကြုံတိုင်းဟာ
ငါတို့တွေ အတွက် ခေါင်းလောင်းသံပဲ။
ရောက်ရာအရပ်က လှည့်ပြန်ခဲ့မယ်။
သိတယ်။
နှမ်းတစ်လုံးနဲ့ ဆီမဖြစ်ဘူးဆိုတာ။
ဒါပေမယ့် - နှမ်းမှန်ရင် ဆီကြိတ်ခံနိုင်ရမယ်။
ဒီနေ့ မဟုတ်ရင် မနက်ဖြန်
မင်းတို့အတွက် ရှင်သန်ဖို့
ငါ - မရောက်ရောက်အောင် ပြန်ခဲ့မယ်။ ။
(၂-၅-၀၈ နာဂစ်လေမုန်တိုင်း အပြီးကာလများသို့)
Categories
Doctor's life
သူငယ်ချင်းသို့
လွမ်းတယ် သူငယ်ချင်းရယ်
ငါ့အနားမှာ နင်သာရှိခဲ့ရင်လေ
အိမ်မက်မြူတွေလို မှိန်လင်း
နှင်းခတဲ့ ညနေခင်းတွေနဲ့
ဟောဒီ မြို့မြောက်ဦးရဲ့ ရင်ခွင်တွင်းမှာ
ခြေဦးတည့်ရာ စက်ဘီးကိုနင်း
စကားတင်းဆိုဖြစ်ကြမယ် ထင်ရဲ့။
နင်နဲ့သာ ဆိုရင်လေ
ရာဇ၀င်တွေ စွန်းပေနေတဲ့
ဟောဟိုနန်းရာကုန်းရဲ့ အထက်မှာ
မင်းဗာရဲ့ ခြေရာကို ရှာရင်း
စကားပန်းဝါ၀ါတွေကောက်
မတတ်တခေါက် ကဗျာတွေရေး
အတွေးနဲ့တောင် ပျော်တယ်။
လွမ်းတယ် သူငယ်ချင်းရယ်
ကဗျာအကြောင်း၊ စာအကြောင်း
နှောင်းအတိတ်က ပုံရိပ်တွေအကြောင်း
သောင်းပြောင်းထွေလာတွေပြောဖို့
ခရိုးခယိုင် လက်ဖက်ရည်ဆိုင်မှာ
တာရာမင်းဝေရဲ့ ကဗျာတွေကို
အားနာပါးနာနဲ့ ဆန်းစစ်ရင်း
ကာရန်အသစ်တွေ ဖန်ဆင်းဖို့
တောခွေးအူသံတွေရဲ့ ကြား
လရောင်ကို မြိုချထားတဲ့
ခုနှစ်စဉ်ပျောက်ညတွေမှာ
ရောက်တတ်ရာရာ သီချင်းတွေဆိုဖို့
နင့်ကို ငါတမ်းတ
အရမ်းပဲ သတိရနေတယ်။ ။
ငါ့အနားမှာ နင်သာရှိခဲ့ရင်လေ
အိမ်မက်မြူတွေလို မှိန်လင်း
နှင်းခတဲ့ ညနေခင်းတွေနဲ့
ဟောဒီ မြို့မြောက်ဦးရဲ့ ရင်ခွင်တွင်းမှာ
ခြေဦးတည့်ရာ စက်ဘီးကိုနင်း
စကားတင်းဆိုဖြစ်ကြမယ် ထင်ရဲ့။
နင်နဲ့သာ ဆိုရင်လေ
ရာဇ၀င်တွေ စွန်းပေနေတဲ့
ဟောဟိုနန်းရာကုန်းရဲ့ အထက်မှာ
မင်းဗာရဲ့ ခြေရာကို ရှာရင်း
စကားပန်းဝါ၀ါတွေကောက်
မတတ်တခေါက် ကဗျာတွေရေး
အတွေးနဲ့တောင် ပျော်တယ်။
လွမ်းတယ် သူငယ်ချင်းရယ်
ကဗျာအကြောင်း၊ စာအကြောင်း
နှောင်းအတိတ်က ပုံရိပ်တွေအကြောင်း
သောင်းပြောင်းထွေလာတွေပြောဖို့
ခရိုးခယိုင် လက်ဖက်ရည်ဆိုင်မှာ
တာရာမင်းဝေရဲ့ ကဗျာတွေကို
အားနာပါးနာနဲ့ ဆန်းစစ်ရင်း
ကာရန်အသစ်တွေ ဖန်ဆင်းဖို့
တောခွေးအူသံတွေရဲ့ ကြား
လရောင်ကို မြိုချထားတဲ့
ခုနှစ်စဉ်ပျောက်ညတွေမှာ
ရောက်တတ်ရာရာ သီချင်းတွေဆိုဖို့
နင့်ကို ငါတမ်းတ
အရမ်းပဲ သတိရနေတယ်။ ။
Categories
Friends
သို့ယင်းမာ
အနှိုင်းမရှိ တန်ခိုးကြီးမားတယ်ဆိုတဲ့
သျှစ်သောင်းဘုရားကို သက်သေထားပြီး
သစ္စာစကားဆိုလိုက်မယ်
မင်းသိပါစေ - ယင်းမာ။
နန်းရာကုန်း မြို့ရိုးထက်က
ငါ့နှလုံးသွေးစက်နဲ့ ရေးခဲ့တဲ့
သတိရခြင်း သက်သေပြချက်တွေဟာ
မိုင်ပေါင်းများစွာကို ကျော်ဖြတ်
တနေ့တော့ မင်းဖတ်ကြည့်နိုင်မှာပါ။
သူတို့တွေ မြတ်နိုးကြတဲ့
ကစ္စပနဲ့ အဉ္စန နဒီ မြစ်နှစ်မွှာကိုငေး
လွမ်းတတ်သူရဲ့ အတွေးထဲမှာ
ငါချစ်တဲ့ ယင်းမာနဲ့ သလ္လာဝတီမြစ်ကြီး
တဝေါဝေါ မြည်ဟီးလို့။
သဇင်ပန်းတွေထက် တမာပန်းတွေကိုချစ်တဲ့ငါ
သူတို့တတွေရဲ့ အကြားမှာ
ပျော်ဝင်မနေနိုင်ခဲ့တာ
မထူးဆန်းလှပါဘူး။
လွမ်းတယ် ယင်းမာရယ်။
မင်းရဲ့ အာဝါသအောက်မှာ
လူလားမြောက်ခဲ့တဲ့ငါ့အတွက်
အဲဒီနေ့ရက်တွေဟာ
ရွှေနဲ့ဆက်ပြီး ဖလှယ်လို့ မရသလို
မင်းဟာ ငါ့အတွက်
နေရာဟောင်းတခု ဆိုတာထက်
အများကြီး ပိုလေးနက်ခဲ့တယ် ဆိုတာ
အခုမှ ပိုပြီးသေချာလာတယ်။ ။
သျှစ်သောင်းဘုရားကို သက်သေထားပြီး
သစ္စာစကားဆိုလိုက်မယ်
မင်းသိပါစေ - ယင်းမာ။
နန်းရာကုန်း မြို့ရိုးထက်က
ငါ့နှလုံးသွေးစက်နဲ့ ရေးခဲ့တဲ့
သတိရခြင်း သက်သေပြချက်တွေဟာ
မိုင်ပေါင်းများစွာကို ကျော်ဖြတ်
တနေ့တော့ မင်းဖတ်ကြည့်နိုင်မှာပါ။
သူတို့တွေ မြတ်နိုးကြတဲ့
ကစ္စပနဲ့ အဉ္စန နဒီ မြစ်နှစ်မွှာကိုငေး
လွမ်းတတ်သူရဲ့ အတွေးထဲမှာ
ငါချစ်တဲ့ ယင်းမာနဲ့ သလ္လာဝတီမြစ်ကြီး
တဝေါဝေါ မြည်ဟီးလို့။
သဇင်ပန်းတွေထက် တမာပန်းတွေကိုချစ်တဲ့ငါ
သူတို့တတွေရဲ့ အကြားမှာ
ပျော်ဝင်မနေနိုင်ခဲ့တာ
မထူးဆန်းလှပါဘူး။
လွမ်းတယ် ယင်းမာရယ်။
မင်းရဲ့ အာဝါသအောက်မှာ
လူလားမြောက်ခဲ့တဲ့ငါ့အတွက်
အဲဒီနေ့ရက်တွေဟာ
ရွှေနဲ့ဆက်ပြီး ဖလှယ်လို့ မရသလို
မင်းဟာ ငါ့အတွက်
နေရာဟောင်းတခု ဆိုတာထက်
အများကြီး ပိုလေးနက်ခဲ့တယ် ဆိုတာ
အခုမှ ပိုပြီးသေချာလာတယ်။ ။
Categories
Friends
Friday, April 17, 2009
စကားလက်ဆောင်
ပင်လယ်ဘက်က တိမ်တအုပ်
ခပ်သုတ်သုတ် ရွေ့လျား
ဘယ်ကို သွားမလို့လဲ။
တကယ်လို့များလေ
မင်းတို့တွေ ခရီးဆန့်လို့
မြေပြန့်ဘက်ကို ရောက်ခဲ့ရင်
စကားကြုံပါးလိုက်ချင်ပါရဲ့။
အညာမြေ ချင်းတွင်းမြစ်ဝှမ်းက
ထုပ်တိုးတမ်း ကစားခဲ့ဖူးတဲ့
ငယ်ကျွမ်းတသိုက်ကို လွမ်းတဲ့အကြောင်း။
ထန်းလျက် ဖြူဖွေးဖွေး
ပင်ကျရေနွေးနွေးနဲ့
လေသွေးတိုင်းမွှေးပျံ့တဲ့ သနပ်ခါးရနံ့တွေကို
ဘယ်ဘက်ရင်အုံရဲ့ နှလုံးသားအကန့်ထဲမှာ
သီးသန့်သိမ်းထားတဲ့ အကြောင်း။
နောက်ပြိး
သာကြောင်းမာကြောင်း၊ ပြေလည်ကြောင်း
အကျိုးအကြောင်းတွေ များစွာနဲ့
ရိုးမရဲ့ တဖက်က အညာသူလေးလေ
သူ့ဇာတိမြေနဲ့ မင်းတို့တတွေကို
လွမ်းလို့နေတဲ့ အကြောင်း။ ။
ခပ်သုတ်သုတ် ရွေ့လျား
ဘယ်ကို သွားမလို့လဲ။
တကယ်လို့များလေ
မင်းတို့တွေ ခရီးဆန့်လို့
မြေပြန့်ဘက်ကို ရောက်ခဲ့ရင်
စကားကြုံပါးလိုက်ချင်ပါရဲ့။
အညာမြေ ချင်းတွင်းမြစ်ဝှမ်းက
ထုပ်တိုးတမ်း ကစားခဲ့ဖူးတဲ့
ငယ်ကျွမ်းတသိုက်ကို လွမ်းတဲ့အကြောင်း။
ထန်းလျက် ဖြူဖွေးဖွေး
ပင်ကျရေနွေးနွေးနဲ့
လေသွေးတိုင်းမွှေးပျံ့တဲ့ သနပ်ခါးရနံ့တွေကို
ဘယ်ဘက်ရင်အုံရဲ့ နှလုံးသားအကန့်ထဲမှာ
သီးသန့်သိမ်းထားတဲ့ အကြောင်း။
နောက်ပြိး
သာကြောင်းမာကြောင်း၊ ပြေလည်ကြောင်း
အကျိုးအကြောင်းတွေ များစွာနဲ့
ရိုးမရဲ့ တဖက်က အညာသူလေးလေ
သူ့ဇာတိမြေနဲ့ မင်းတို့တတွေကို
လွမ်းလို့နေတဲ့ အကြောင်း။ ။
Categories
Friends
ချစ်သူ
ကိုယ့်အိမ်ထဲမှာ ကိုယ်နေရသလိုမျိုး
နွေးထွေးတယ်၊ လုံခြုံတယ်။
ချမ်မြေ့တယ်၊ ပေါ့ပါးတယ်။
နီးနီး၊ဝေးဝေး၊ ဟောင်းဟောင်း၊ဆွေးဆွေး
ညှိုးမသွားနိုင်မယ့် အရိပ်
စိတ်ကိုစိတ်နဲ့ မိုးခဲ့တယ်။
နွေးထွေးတယ်၊ လုံခြုံတယ်။
ချမ်မြေ့တယ်၊ ပေါ့ပါးတယ်။
နီးနီး၊ဝေးဝေး၊ ဟောင်းဟောင်း၊ဆွေးဆွေး
ညှိုးမသွားနိုင်မယ့် အရိပ်
စိတ်ကိုစိတ်နဲ့ မိုးခဲ့တယ်။
Categories
အချစ်
မျှော်လင့်ချက်
သတ္တဝါဆိုတာ ခရီးသည်တဲ့
ဗုဒ္ဓဘုရားက ဟောကြား
ဟုတ်ရဲ့လားဖေဖေ။
ဒါဆိုရင်သမီးက
ဒီလောကထဲကို မျက်စေ့မှား
ခဏဝင်နားတဲ့ ခရီးသွားတစ်ဦးပေါ့။
ဟောဒီသံသရာလမ်းရဲ့
မထူးဆန်းတဲ့ ဘဝတစ်ခုမှာ
ဒီလောက်ချစ်တဲ့မိဘ
ဒီလောက်ချစ်တဲ့မောင်နှမ
အကောင်းဆုံးတွေရခဲ့ပြီးမှတော့
(သမီး) လောဘမကြီးတော့ပါဘူး
ရာထူးစည်းစိမ် အရှိန်အဝါ
အားလုံးထက်သာတဲ့ အရာတစ်ခု
သမီးတို့မိသားစုဖွဲ့စည်း
(တစ်ကယ်တော့)
မေတ္တာတရားထက်
ဘယ်အရာမှ အားမကြီးနိုင်ပါဘူး...
ဒါကြောင့်ဖေဖေ
သံသရာခရီးစဉ်ထဲက
ပုထုဇဉ်ဒီလူသားအတွက်
မျှော်လင့်ချက်ဆိုတာရှိခဲ့ရင်
ဒီအဖေ ဒီအမေ ဒီအကိုအမ ဒီညီမတို့နဲ့
နောက်ဘဝတွေများစွာ
ပြန်ဆုံပါစေကြောင်း
ဆုတစ်မျိုးတည်းတောင်းမယ်
ဆုတောင်းတို့လည်း ပြည့်ပါရစေ။
ပြန်ပေါင်းလို့လည်းတွေ့ပါရစေ။ ။
ဗုဒ္ဓဘုရားက ဟောကြား
ဟုတ်ရဲ့လားဖေဖေ။
ဒါဆိုရင်သမီးက
ဒီလောကထဲကို မျက်စေ့မှား
ခဏဝင်နားတဲ့ ခရီးသွားတစ်ဦးပေါ့။
ဟောဒီသံသရာလမ်းရဲ့
မထူးဆန်းတဲ့ ဘဝတစ်ခုမှာ
ဒီလောက်ချစ်တဲ့မိဘ
ဒီလောက်ချစ်တဲ့မောင်နှမ
အကောင်းဆုံးတွေရခဲ့ပြီးမှတော့
(သမီး) လောဘမကြီးတော့ပါဘူး
ရာထူးစည်းစိမ် အရှိန်အဝါ
အားလုံးထက်သာတဲ့ အရာတစ်ခု
သမီးတို့မိသားစုဖွဲ့စည်း
(တစ်ကယ်တော့)
မေတ္တာတရားထက်
ဘယ်အရာမှ အားမကြီးနိုင်ပါဘူး...
ဒါကြောင့်ဖေဖေ
သံသရာခရီးစဉ်ထဲက
ပုထုဇဉ်ဒီလူသားအတွက်
မျှော်လင့်ချက်ဆိုတာရှိခဲ့ရင်
ဒီအဖေ ဒီအမေ ဒီအကိုအမ ဒီညီမတို့နဲ့
နောက်ဘဝတွေများစွာ
ပြန်ဆုံပါစေကြောင်း
ဆုတစ်မျိုးတည်းတောင်းမယ်
ဆုတောင်းတို့လည်း ပြည့်ပါရစေ။
ပြန်ပေါင်းလို့လည်းတွေ့ပါရစေ။ ။
Categories
Family life
အင်္ဂါမစုံတဲ့နှစ်
အရင်တုန်းက
သီတင်းကျွတ်လပြည့်ညတွေမှာပေါ့
လမင်းက ဝင်းပပ
ရာသီဥတုက ကြည်ကြည်လင်လင်
ဒီလိုနဲ့ ကျွန်မတို့လည်း ပျော်ရွှင်ခဲ့ဖူးတယ်
မီးပန်းတစ်ခိုင် ဖယောင်းတစ်တိုင်နဲ့
မောင်နှမတွေဝိုင်းထိုင်လို့
ရယ်သံတွေလည်းလှိုင်ခဲ့ဖူးတယ်...
ဖေနဲ့မေကို သားသမီးတွေကရှိခိုး
အစ်ကိုကြီးကို ညီမလေးတွေက ရှိခိုး
အစ်မကြီးကို ညီမလေးတွေကရှိခိုး
မြန်မာတို့ရိုးရာအတိုင်း
မိသားစုကန်တော့ဝိုင်းလေးလဲ ရှိခဲ့ဖူးတယ်။
ဥမကွဲ သိုက်မပျက်
တူညီတဲ့ရင်ခုန်သံ စည်းချက်တွေနဲ့
ဒီတစ်သက်နေထိုင်စေ တဲ့
ဖေဖေရဲ့ ဆုပေးသံ
တို့မိသားစုတွေ
ပြုံးပြုံးကြီးနာခံခဲ့ဖူးတယ်...
အခုတော့ အစ်ကိုကြီးကတစ်ခရီး
အစ်မကြီးက တစ်နေရာ
ခွဲခွာနေရတဲ့ဒီတစ်နှစ်
လွမ်းစရာတွေဖြစ်ရမှာမို့
နတ်သိကြားတို့ရယ်
သီတင်းကျွတ်မပါတဲ့
ပြကဒိန်အသစ်တစ်ခုပေးပါ။ ။
သီတင်းကျွတ်လပြည့်ညတွေမှာပေါ့
လမင်းက ဝင်းပပ
ရာသီဥတုက ကြည်ကြည်လင်လင်
ဒီလိုနဲ့ ကျွန်မတို့လည်း ပျော်ရွှင်ခဲ့ဖူးတယ်
မီးပန်းတစ်ခိုင် ဖယောင်းတစ်တိုင်နဲ့
မောင်နှမတွေဝိုင်းထိုင်လို့
ရယ်သံတွေလည်းလှိုင်ခဲ့ဖူးတယ်...
ဖေနဲ့မေကို သားသမီးတွေကရှိခိုး
အစ်ကိုကြီးကို ညီမလေးတွေက ရှိခိုး
အစ်မကြီးကို ညီမလေးတွေကရှိခိုး
မြန်မာတို့ရိုးရာအတိုင်း
မိသားစုကန်တော့ဝိုင်းလေးလဲ ရှိခဲ့ဖူးတယ်။
ဥမကွဲ သိုက်မပျက်
တူညီတဲ့ရင်ခုန်သံ စည်းချက်တွေနဲ့
ဒီတစ်သက်နေထိုင်စေ တဲ့
ဖေဖေရဲ့ ဆုပေးသံ
တို့မိသားစုတွေ
ပြုံးပြုံးကြီးနာခံခဲ့ဖူးတယ်...
အခုတော့ အစ်ကိုကြီးကတစ်ခရီး
အစ်မကြီးက တစ်နေရာ
ခွဲခွာနေရတဲ့ဒီတစ်နှစ်
လွမ်းစရာတွေဖြစ်ရမှာမို့
နတ်သိကြားတို့ရယ်
သီတင်းကျွတ်မပါတဲ့
ပြကဒိန်အသစ်တစ်ခုပေးပါ။ ။
Categories
Family life
၁၃ နှစ် သင်္ကြန်
ကလေးရေ -----
တစ်နှစ်ပြီးတစ်နှစ် သင်္ကြန်တွေ လည်ခဲ့တာ
အခုဆို - ၁၃ ခါတောင် ရှိခဲ့ပေါ့။
လွန်ခဲ့တဲ့ ၁၃ နှစ်က သင်္ကြန်
အခုထိ ရင်ခုန်သံမြန်ဆဲ။
အဲ - အဲဒီတုန်းက
မေတ္တာတရားတွေနဲ့ လွှမ်းခြုံ
ပျော်ရွှင်ခြင်းတွေနဲ့ ပိုက်ထွေး
သိကြားမင်းပေးတဲ့ လက်ဆောင်လေးတစ်ခု
တို့မိသားစု ရရှိခဲ့
ပိတောက်နဲ့ အပြိုင်၊ မိုးနဲ့ အပြိုင်ပေါ့။
၁၄ ရက်နေ့ ဧပရယ်
ကံကောင်းခြင်းတွေ သယ်ခဲ့ပြီ။
နွေပူပူကို အတာရေနဲ့ အေးစေမတဲ့
ရှေးဆိုစကားနဲ့ အညီပေါ့။
အတာရေနဲ့ မွေးတဲ့ ကလေး
အေးချမ်းမှုတွေနဲ့ ထပ်တူ
ငြိမ်းချမ်းစွာ လူလားမြောက်ပါစေ။
တကယ်ပါ ----
အဲဒီကလေးလေးဟာ -
ငါတို့ရဲ့ ကမ္ဘာ၊ ငါတို့ရဲ့ ကဗျာ
မျှော်လင့်ချက်တွေ ယှက်ဖြာလို့
ယုံကြည်ချက်တွေ ခိုင်မာလို့
တောက်ပတဲ့ အနာဂတ်တွေမှာ
သူ - လင်းလက်စွာ ရပ်တည်နိုင်ပါစေ။ ။
တစ်နှစ်ပြီးတစ်နှစ် သင်္ကြန်တွေ လည်ခဲ့တာ
အခုဆို - ၁၃ ခါတောင် ရှိခဲ့ပေါ့။
လွန်ခဲ့တဲ့ ၁၃ နှစ်က သင်္ကြန်
အခုထိ ရင်ခုန်သံမြန်ဆဲ။
အဲ - အဲဒီတုန်းက
မေတ္တာတရားတွေနဲ့ လွှမ်းခြုံ
ပျော်ရွှင်ခြင်းတွေနဲ့ ပိုက်ထွေး
သိကြားမင်းပေးတဲ့ လက်ဆောင်လေးတစ်ခု
တို့မိသားစု ရရှိခဲ့
ပိတောက်နဲ့ အပြိုင်၊ မိုးနဲ့ အပြိုင်ပေါ့။
၁၄ ရက်နေ့ ဧပရယ်
ကံကောင်းခြင်းတွေ သယ်ခဲ့ပြီ။
နွေပူပူကို အတာရေနဲ့ အေးစေမတဲ့
ရှေးဆိုစကားနဲ့ အညီပေါ့။
အတာရေနဲ့ မွေးတဲ့ ကလေး
အေးချမ်းမှုတွေနဲ့ ထပ်တူ
ငြိမ်းချမ်းစွာ လူလားမြောက်ပါစေ။
တကယ်ပါ ----
အဲဒီကလေးလေးဟာ -
ငါတို့ရဲ့ ကမ္ဘာ၊ ငါတို့ရဲ့ ကဗျာ
မျှော်လင့်ချက်တွေ ယှက်ဖြာလို့
ယုံကြည်ချက်တွေ ခိုင်မာလို့
တောက်ပတဲ့ အနာဂတ်တွေမှာ
သူ - လင်းလက်စွာ ရပ်တည်နိုင်ပါစေ။ ။
Categories
Family life
ဖေဖေ့ အတွက်
အသက် ၁၂၀ ရှည်စေသော်ဝ် တဲ့။
ရှေးဇာတာထဲက စာသား
၆၀ နှစ်သား ဖေဖေက
ပြုံးပြုံးကြီး ကြည့်တယ်။
ကြီးခြင်းနဲ့ ငယ်ခြင်း
နုပျိုခြင်းနဲ့ အိုမင်းခြင်း ဆိုတာ
ခံယူသူသာ ပဓာန
စိတ်ထားလှနေသ၍ ရုပ်ပျို
ဘယ်မှာ အိုလိမ့်မလဲ။
ကိုးကွယ်စရာ ဘုရားနဲ့ တရား
ချစ်ခင်မြတ်နိုး စရာ
ဇနီးမယား၊ သမီးနဲ့ သား
အသက် ၆၀ ဆိုတာ မှုစရာမို့လား ဖေဖေရယ်။
လွန်ခဲ့တဲ့ အနှစ် ၆၀ က
အမေနက် ပေးခဲ့တဲ့ အသက်တစ်ချောင်း
အခုဆို - အသက်ပေါင်းများစွာကို ကယ်ခဲ့
ဟောဒီဘ၀မှာလေ -
သံသရာ ရင်းစားကျေရုံမက
ကုသိုလ် အမြတ်တွေ အများကြီးရခဲ့ပြီ။
ကြွေးဟောင်းကျေတော့ ကြွေးသစ်ချ
ဘွဲ့တွေ၊ ဂုဏ်တွေ တသီကြီးရလို့
အခုဆို - ဆရာ၊ ဆရာမတွေဖြစ်
ဖေဖေ့ရဲ့ ကြွေးသစ်ကလေးတွေလေ။
ကျေးဇူးတင်ပါတယ် - ဖေဖေ။
ဖေဖေက -
သမီးတို့ ဦးနှောက်တွေကို ပုံစံ မချခဲ့ဘူး။
သမီးတို့ နှလုံးသားတွေကိုပဲ လမ်းပြခဲ့တယ်။
မာနတရားကို မသင်ဘူး။
ဂါရ၀တရားကိုပဲ သင်တယ်။
လူတော်တွေ ဖြစ်စေချင်လွန်းလို့
လူကောင်းလေးတွေ ဖြစ်အောင်ပျိုးခဲ့တယ်။
ဟုတ်တယ် -
ဖေဖေက အဲဒီလို ဥယျာဉ်မှုးမျိုး။
ဖေဖေက သမီးတို့ ကမ္ဘာရဲ့ သူရဲကောင်း
ဓားမကိုင်၊ လှံမကိုင်ဘူး။
မေတ္တာဓာတ်သက်သက်နဲ့
သမီးတို့ရှေ့မှာ မတ်မတ်ရပ်ခဲ့သူ။
ဖေဖေ့ကို ကြည်ညိုလွန်းလို့
ဖေဖေ့လို ဆရာဝန် ဖြစ်ချင်ခဲ့တယ်။
ဖေဖေ့ကို မြတ်နိုးလွန်းလို့
ဖေဖေ့လို စိတ်ဓာတ်ရချင်ခဲ့တယ်။
သမီးတို့တွေ အတွက် -
ဖေဖေ့ကို လိုအပ်တယ်။
လူနာတွေ များစွာအတွက်-
ဖေဖေ့ကို လိုအပ်တယ်။
မေမေ့ရဲ့နေ့ရက်တွေတိုင်း အတွက် -
ဖေဖေ့ကို လိုအပ်တယ်။
လိုအပ်သူတွေ ရှိနေသ၍
ဘ၀ဆိုတာ ရှင်သန်နေရမယ်။
ကြီးခြင်းနဲ့ ငယ်ခြင်း
နုပျိုခြင်းနဲ့ အိုမင်းခြင်း ဆိုတာ
ခံယူသူသာ ပဓာန
စိတ်ထားလှနေသ၍ နုပျို
ဘယ်မှာအိုလိမ့် မလဲ။
အသက် ၁၂၀ ရှည်စေသော်ဝ် တဲ့။
ရှေးဇာတာထဲက စာသား
၆၀ နှစ်သားဖေဖေက ပြုံးပြုံးကြီးကြည့်တယ်။ ။
ရှေးဇာတာထဲက စာသား
၆၀ နှစ်သား ဖေဖေက
ပြုံးပြုံးကြီး ကြည့်တယ်။
ကြီးခြင်းနဲ့ ငယ်ခြင်း
နုပျိုခြင်းနဲ့ အိုမင်းခြင်း ဆိုတာ
ခံယူသူသာ ပဓာန
စိတ်ထားလှနေသ၍ ရုပ်ပျို
ဘယ်မှာ အိုလိမ့်မလဲ။
ကိုးကွယ်စရာ ဘုရားနဲ့ တရား
ချစ်ခင်မြတ်နိုး စရာ
ဇနီးမယား၊ သမီးနဲ့ သား
အသက် ၆၀ ဆိုတာ မှုစရာမို့လား ဖေဖေရယ်။
လွန်ခဲ့တဲ့ အနှစ် ၆၀ က
အမေနက် ပေးခဲ့တဲ့ အသက်တစ်ချောင်း
အခုဆို - အသက်ပေါင်းများစွာကို ကယ်ခဲ့
ဟောဒီဘ၀မှာလေ -
သံသရာ ရင်းစားကျေရုံမက
ကုသိုလ် အမြတ်တွေ အများကြီးရခဲ့ပြီ။
ကြွေးဟောင်းကျေတော့ ကြွေးသစ်ချ
ဘွဲ့တွေ၊ ဂုဏ်တွေ တသီကြီးရလို့
အခုဆို - ဆရာ၊ ဆရာမတွေဖြစ်
ဖေဖေ့ရဲ့ ကြွေးသစ်ကလေးတွေလေ။
ကျေးဇူးတင်ပါတယ် - ဖေဖေ။
ဖေဖေက -
သမီးတို့ ဦးနှောက်တွေကို ပုံစံ မချခဲ့ဘူး။
သမီးတို့ နှလုံးသားတွေကိုပဲ လမ်းပြခဲ့တယ်။
မာနတရားကို မသင်ဘူး။
ဂါရ၀တရားကိုပဲ သင်တယ်။
လူတော်တွေ ဖြစ်စေချင်လွန်းလို့
လူကောင်းလေးတွေ ဖြစ်အောင်ပျိုးခဲ့တယ်။
ဟုတ်တယ် -
ဖေဖေက အဲဒီလို ဥယျာဉ်မှုးမျိုး။
ဖေဖေက သမီးတို့ ကမ္ဘာရဲ့ သူရဲကောင်း
ဓားမကိုင်၊ လှံမကိုင်ဘူး။
မေတ္တာဓာတ်သက်သက်နဲ့
သမီးတို့ရှေ့မှာ မတ်မတ်ရပ်ခဲ့သူ။
ဖေဖေ့ကို ကြည်ညိုလွန်းလို့
ဖေဖေ့လို ဆရာဝန် ဖြစ်ချင်ခဲ့တယ်။
ဖေဖေ့ကို မြတ်နိုးလွန်းလို့
ဖေဖေ့လို စိတ်ဓာတ်ရချင်ခဲ့တယ်။
သမီးတို့တွေ အတွက် -
ဖေဖေ့ကို လိုအပ်တယ်။
လူနာတွေ များစွာအတွက်-
ဖေဖေ့ကို လိုအပ်တယ်။
မေမေ့ရဲ့နေ့ရက်တွေတိုင်း အတွက် -
ဖေဖေ့ကို လိုအပ်တယ်။
လိုအပ်သူတွေ ရှိနေသ၍
ဘ၀ဆိုတာ ရှင်သန်နေရမယ်။
ကြီးခြင်းနဲ့ ငယ်ခြင်း
နုပျိုခြင်းနဲ့ အိုမင်းခြင်း ဆိုတာ
ခံယူသူသာ ပဓာန
စိတ်ထားလှနေသ၍ နုပျို
ဘယ်မှာအိုလိမ့် မလဲ။
အသက် ၁၂၀ ရှည်စေသော်ဝ် တဲ့။
ရှေးဇာတာထဲက စာသား
၆၀ နှစ်သားဖေဖေက ပြုံးပြုံးကြီးကြည့်တယ်။ ။
Categories
Family life
မေမေ့ကို လွမ်းတဲ့ည
အဲဒီညကပေါ့ -------
အပြင်မှာ နှင်းတွေ သိပ်သိပ်သည်းသည်းကျသလို
သမီးလည်း မေမေ့ကို နင့်နင့်သည်းသည်း သတိရနေတယ် မေမေ။
မေမေမေတ္တာကြီးမားလိုက်ပုံများ
တမ်းတလိုက်ရုံလေးနဲ့တောင်
နွေးထွေးလုံခြုံလိုက်တာ။
ရင်ထဲမှာ အကျယ်ကြီးအော်ခေါ်ပစ်လိုက်တယ်။
လွမ်းလိုက်တာ မေမေရယ်။
လောကကြီးက ခယောင်းလမ်း မေမေရဲ့။
ပေါင်းမြက်ခက်ထန် အတ္တကြမ်းတွေနဲ့
အသွားထက်တဲ့
လောကဒဏ်ရဲ့ ဓားရှစ်လက်ကြားမှာ
ပတ်ဝန်းကျင် ဆိုတာကလည်း အစိမ်းသက်သက်
(သမီးတော့လေ)
မေမေ့ရင်ခွင်ထဲက နေ့ရက်တွေကို လွမ်းတယ်။
ပျော်ရာမှာမနေ၊ တော်ရာမှာနေရမတဲ့။
မေနဲ့ ဝေးတဲ့ဘဝ
သမီး - အသားမကျဘူးမေ။
အိမ်ကိုပဲ ပြန်ချင်နေတယ်။
တကယ်ဆို -
ရင်ခွင်ပျောက်နေတဲ့ ကလေးငယ်ပါ။
သည်းခံနိုင်မှု စွမ်းအားတွေ
အသက်ငင်ခဲ့တာ ကြာပေါ့။
မေမေဟာ သမီးတို့ ကမ္ဘာရဲ့ အလင်း
ရယူခြင်းမဲ့ အကြင်နာ၊ မေတ္တာ
နေ့ရက်များစွာ ပေးဝေခဲ့ ----
သမီးရဲ့ နုပျိုမစွမ်းချိန်တွေမှာ
မေမေက နေရောင်ဖြာခဲ့ ---
အဆုံးမဲ့ အိပ်မက်ရှည်တွေနဲ့
သမီးရဲ့ အနာဂတ်ကို ပျိုးခဲ့ ---
သမီးရဲ့ သူရဲကောင်းမေမေ။
သမီးရဲ့ ဥယျာဉ်မှုးမေမေ။
သမီးရဲ့ လမ်းပြကြယ်မေမေ။
သမီးချစ်တဲ့ သမီးရဲ့မေမေ။
မေမေ့ရင်ခွင်ရိပ်မှာ
ထွေးသိပ်ခဲ့တဲ့ ကလေး
အခုတော့ - မေမေ့ရဲ့ အဝေးမှာ။
လွမ်းလိုက်တာ မေမေရယ် -----။
ဒီအချိန်ဆို
သဇင်ပန်းခိုင်၊ ဆီမီးတိုင်တွေနဲ့
ဘုရားစင်ရှေ့မှာ
(မေမေလေ) မေတ္တာတွေ လှိုင်လှိုင်ပို့နေရှာရော့မယ်။
လိပ်စာမတပ်၊ တံဆိပ်ခေါင်း မကပ်ပေမယ့်
ပို့လိုက်သမျှ မေတ္တာ
ရင်သွေးတွေဆီရောက်ခဲ့ပါရဲ့။
မေမေပြောချင်တဲ့ စကားသံ
သမီးနှလုံးသားနဲ့ နာခံခဲ့ပါရဲ့။
စိတ်ချလိုက်ပါ မေမေ။
မေမေ့သမီးငယ်လေးဟာ
အလွမ်းတွေ မစင်သေးတာကလွဲရင်
မေမေ့သမီး ပီသနေဆဲ ဆိုတာကို။
သမီးဟာ -
ရေဆန်ကို လှန်မယ့် ငါးကလေးပါ မေမေ။
လေဆန်ကို ပျံမယ့် ငှက်ကလေးပါ မေမေ။
တစ်ချိန်မှာ နားခိုမယ့် သစ်ပင်ကို မမျှော်ကိုးဘူး။
တောင်ပံတွေ သန်မာနေဖို့ပဲ လိုတယ်။
မေမေဖြစ်စေချင်တဲ့ ဘဝ
တစ်နေ့တော့ရောက်ရမပေါ့။
စိတ်ဓာတ်မကျ၊ သက်ပြင်းမချပါဘူး။
ထာဝရအတွက် ကြိုးစားဆဲ။
ဘယ်သူပြောနိုင်မလဲ မေမေ။
နောင်နှစ်ပေါင်းခြောက်ဆယ်ကြာတဲ့အခါ
သမီးနာမည်နဲ့ ကြယ်တစ်စင်း
ကောင်းကင်မှာဝင်းလိမ့်မယ်။
ဗက်သွန်းလို၊ ကရိုနင်လို
လူငယ်တွေရဲ့ လူငယ်တွေကို လမ်းပြလို့
သူတို့နဲ့ အတူရင်ခုန်ရလိမ့်မယ်။
အဲဒီအခါကျရင် -
မေမေက လမင်းကြီး
တိမ်လွှာတွေကို ငြိမ့်ငြိမ့်လေးစီးလို့
(ကြယ်သမီးလေးကို)
ပြုံးပြုံးကြီး ကြည့်နေလိမ့်မယ်။ ။
အပြင်မှာ နှင်းတွေ သိပ်သိပ်သည်းသည်းကျသလို
သမီးလည်း မေမေ့ကို နင့်နင့်သည်းသည်း သတိရနေတယ် မေမေ။
မေမေမေတ္တာကြီးမားလိုက်ပုံများ
တမ်းတလိုက်ရုံလေးနဲ့တောင်
နွေးထွေးလုံခြုံလိုက်တာ။
ရင်ထဲမှာ အကျယ်ကြီးအော်ခေါ်ပစ်လိုက်တယ်။
လွမ်းလိုက်တာ မေမေရယ်။
လောကကြီးက ခယောင်းလမ်း မေမေရဲ့။
ပေါင်းမြက်ခက်ထန် အတ္တကြမ်းတွေနဲ့
အသွားထက်တဲ့
လောကဒဏ်ရဲ့ ဓားရှစ်လက်ကြားမှာ
ပတ်ဝန်းကျင် ဆိုတာကလည်း အစိမ်းသက်သက်
(သမီးတော့လေ)
မေမေ့ရင်ခွင်ထဲက နေ့ရက်တွေကို လွမ်းတယ်။
ပျော်ရာမှာမနေ၊ တော်ရာမှာနေရမတဲ့။
မေနဲ့ ဝေးတဲ့ဘဝ
သမီး - အသားမကျဘူးမေ။
အိမ်ကိုပဲ ပြန်ချင်နေတယ်။
တကယ်ဆို -
ရင်ခွင်ပျောက်နေတဲ့ ကလေးငယ်ပါ။
သည်းခံနိုင်မှု စွမ်းအားတွေ
အသက်ငင်ခဲ့တာ ကြာပေါ့။
မေမေဟာ သမီးတို့ ကမ္ဘာရဲ့ အလင်း
ရယူခြင်းမဲ့ အကြင်နာ၊ မေတ္တာ
နေ့ရက်များစွာ ပေးဝေခဲ့ ----
သမီးရဲ့ နုပျိုမစွမ်းချိန်တွေမှာ
မေမေက နေရောင်ဖြာခဲ့ ---
အဆုံးမဲ့ အိပ်မက်ရှည်တွေနဲ့
သမီးရဲ့ အနာဂတ်ကို ပျိုးခဲ့ ---
သမီးရဲ့ သူရဲကောင်းမေမေ။
သမီးရဲ့ ဥယျာဉ်မှုးမေမေ။
သမီးရဲ့ လမ်းပြကြယ်မေမေ။
သမီးချစ်တဲ့ သမီးရဲ့မေမေ။
မေမေ့ရင်ခွင်ရိပ်မှာ
ထွေးသိပ်ခဲ့တဲ့ ကလေး
အခုတော့ - မေမေ့ရဲ့ အဝေးမှာ။
လွမ်းလိုက်တာ မေမေရယ် -----။
ဒီအချိန်ဆို
သဇင်ပန်းခိုင်၊ ဆီမီးတိုင်တွေနဲ့
ဘုရားစင်ရှေ့မှာ
(မေမေလေ) မေတ္တာတွေ လှိုင်လှိုင်ပို့နေရှာရော့မယ်။
လိပ်စာမတပ်၊ တံဆိပ်ခေါင်း မကပ်ပေမယ့်
ပို့လိုက်သမျှ မေတ္တာ
ရင်သွေးတွေဆီရောက်ခဲ့ပါရဲ့။
မေမေပြောချင်တဲ့ စကားသံ
သမီးနှလုံးသားနဲ့ နာခံခဲ့ပါရဲ့။
စိတ်ချလိုက်ပါ မေမေ။
မေမေ့သမီးငယ်လေးဟာ
အလွမ်းတွေ မစင်သေးတာကလွဲရင်
မေမေ့သမီး ပီသနေဆဲ ဆိုတာကို။
သမီးဟာ -
ရေဆန်ကို လှန်မယ့် ငါးကလေးပါ မေမေ။
လေဆန်ကို ပျံမယ့် ငှက်ကလေးပါ မေမေ။
တစ်ချိန်မှာ နားခိုမယ့် သစ်ပင်ကို မမျှော်ကိုးဘူး။
တောင်ပံတွေ သန်မာနေဖို့ပဲ လိုတယ်။
မေမေဖြစ်စေချင်တဲ့ ဘဝ
တစ်နေ့တော့ရောက်ရမပေါ့။
စိတ်ဓာတ်မကျ၊ သက်ပြင်းမချပါဘူး။
ထာဝရအတွက် ကြိုးစားဆဲ။
ဘယ်သူပြောနိုင်မလဲ မေမေ။
နောင်နှစ်ပေါင်းခြောက်ဆယ်ကြာတဲ့အခါ
သမီးနာမည်နဲ့ ကြယ်တစ်စင်း
ကောင်းကင်မှာဝင်းလိမ့်မယ်။
ဗက်သွန်းလို၊ ကရိုနင်လို
လူငယ်တွေရဲ့ လူငယ်တွေကို လမ်းပြလို့
သူတို့နဲ့ အတူရင်ခုန်ရလိမ့်မယ်။
အဲဒီအခါကျရင် -
မေမေက လမင်းကြီး
တိမ်လွှာတွေကို ငြိမ့်ငြိမ့်လေးစီးလို့
(ကြယ်သမီးလေးကို)
ပြုံးပြုံးကြီး ကြည့်နေလိမ့်မယ်။ ။
Categories
Family life
ညီအစ်မ
တယောက်က ပင်စည်
တယောက်က အရွက်
တယောက်က အဖူး
တဦးကို တဦး
အပြန်အလှန် စုစည်း၊ရိုင်းပင်၊းအားကိုး။
ချိုးလို့လည်း မနိုင်၊ ချိုင်လို့လည်းမပျက်
သံယောဇဉ်နှင့် ယက်ယှယ်ခဲ့သောကြိုးများ။
အပြန်အလှန်မိုးခဲ့သော အရိပ်များ။
အတိတ်ဘ၀က ရေစက်ကုသိုလ်ကိုသာ
ကျေးဇူးအခါခါ တင်မိတော့တယ်။
တယောက်က အရွက်
တယောက်က အဖူး
တဦးကို တဦး
အပြန်အလှန် စုစည်း၊ရိုင်းပင်၊းအားကိုး။
ချိုးလို့လည်း မနိုင်၊ ချိုင်လို့လည်းမပျက်
သံယောဇဉ်နှင့် ယက်ယှယ်ခဲ့သောကြိုးများ။
အပြန်အလှန်မိုးခဲ့သော အရိပ်များ။
အတိတ်ဘ၀က ရေစက်ကုသိုလ်ကိုသာ
ကျေးဇူးအခါခါ တင်မိတော့တယ်။
Categories
Family life
Subscribe to:
Posts (Atom)