Saturday, April 18, 2009

ဆိပ်ဖလူး

ရေးသားသူ ယသော် at 6:11 PM
အဖြည့်ခံလို့ မပြောရက်ဘူး။
သူလဲ သူ့ခံယူချက်နဲ့သူ။
အေးမြတဲ့ လရောင်ကိုချစ်လို့
အမှောင်ကိုပဲ ရွေးခဲ့သူ။
သူ - ပျော်ပါရဲ့လား။

နတ်ပန်းချီမှားခဲ့ထင်ရဲ့။
ဟောဒီ အဆင်းမျိုးနဲ့
အလင်းမှာသာ ၀င့်ခဲ့ရင်
သေချာပေါက် တော်ဝင်ရှာမပေါ့။

အတိတ်ရေခံမြေခံကောင်းခဲ့တော့
ပေါင်းမသင်၊ ရေမလောင်းပဲနဲ့တောင်
ထိန်းမရ၊ သိမ်းမရ
လေသွေးလေတိုင်း
(ဟောဒီ ကွင်းတစ်ပြင်လုံး) မွှေးလို့၊ မြလို့။

မာနမဲ့ရှာသူလေ။
ကြွေချင်ကြွေ၊ ခူးချင်ခူး
သူကတော့ -
တနေ့ကူးတိုင်း အဖူးသစ်ဆင်
သူ့ရာဇ၀င်ကို
အသစ်ထပ်ထပ် ပြင်လို့။ ။

0 comments:

Post a Comment

 

ယသော် ရဲ့ ရင်ခုန်သံ Template by Ipietoon Blogger Template | Gift Idea