အခုမှ ပြန်စဉ်းစားတော့
မီးဖိုချောင် ငရုတ်သီးထောင်းမကျန်
Green-house effect ရဲ့ အခြေခံ အထိ
Global ကြည့် ကြည့်တတ်အောင်
အဲဒီကပဲ သင်ခဲ့တာ။
ကိုယ့်ခြံ၊ ကိုယ့်ရေ၊ ကိုယ့်မြေ
တန်ဖိုးထားတတ်အောင်မက
တကယ့်လူ့ဘ၀ရဲ့တန်ဖိုး
မသိလိုက် မသိဖာသာ
အဲဒီမှာ သင်ခဲ့တယ်။
လူမှုရေး၊ စီးပွားရေး
ဘာသာရေး၊ ပညာရေး
ကျန်းမာရေးတို့က အစ
လောကရဲ့ သင်ပုန်းကြီးအားလုံး
မောင်နှမအားလုံး အဲဒီမှာ ကျေခဲ့တယ်။
အခုမှ ပြန်စဉ်းစားကြည့်တော့
အသက်ရှုဝခဲ့တဲ့
ငယ်ဘ၀က အဲဒီနေ့ရက်တွေသာ မရှိရင်
ဒီအချိန်၊ ဒီနေရာမှာ
ဒီလိုခံယူချက်တွေနဲ့ ရပ်တည်ဖို့ဆိုတာ
သေချာနိုင်ပါ့မလား။
အတွေးတွေက
ဝေ - ဝေ - ၀ါး - ၀ါး - ရယ်။
လာမယ့် မျိုးဆက်မှာရော
ဒီလို အခွင့်အရေးမျိုး ပေးနိုင်ပါဦးမလား။
အနာဂတ်တွေကလည်း
မှုန် - မှုန် - ၀ါး - ၀ါး -ရယ်။ ။
Blogger Quote
လူကို မကု၊ မူကို ကုတဲ့ ပညာအကြောင်း။
အပ်၊ ဓားမပါဘဲ မှတ်သားစရာပေးတဲ့ အကြောင်း။
ကမ္ဘာနာဆိုတာ လူနာထက်ပိုအရေးကြီးတဲ့အကြောင်း။
စင်ပေါ်တက်ပြီး အများလက်ခုပ်တီးမှ
ဂီတဖြစ်တာ မဟုတ်ဘူး။
လေချွန်သံ အဖိ၊ အဖော့၊ အတိုး၊ အလျှော့မှာ
အနုပညာတွေ ရှိနေကြောင်း။
-------------------- ခေါင်းစဉ်ပေါင်းများစွာ။
Saturday, April 18, 2009
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment