Saturday, April 18, 2009

ဆက်ရန်ရှိသည်

ရေးသားသူ ယသော် at 6:19 PM
သွေးတစ်စက်ဟာ
သွေးတစ်စက် မဟုတ်ပါဘူး။
တုတ်တစ်ပြက်၊ ဓားတစ်ပြက်
ဒေါသအတွက် ထွက်တဲ့သွေး။
တိုင်းပြည်၊ လူမျိုး၊ ဘာသာ
ကာကွယ်ရင်း၊ စောင့်ရှောက်ရင်း
မြင့်မြတ်ခြင်းနဲ့ စွန့်တဲ့သွေး။
သေအတူ၊ ရှင်မကွာ
တစ်ဘ၀စာ လက်မောင်းသွေးဖောက်
သစ္စာအတွက် သောက်တဲ့သွေး။
အေလား၊ ဘီလား၊ စီလား။
ခေတ်စားနေတဲ့ ဗိုင်းရပ်စ်
ကံကြမ္မာကို ဆုံးဖြတ်မယ့်သွေး။

ရာဇသွေး၊ ဗမာ့သွေး
ကိုယ့်သွေး၊ ကိုယ့်သား
သွေးကြောင်တယ်၊ သွေးနည်းတယ်။
မျိုးစုံခြယ်ခဲ့တဲ့ သွေးပုံရိပ်။
အသက်သည်သွေး၊ သွေးသည်အသက် တဲ့
သွေးတစ်စက်ဟာ အသက်တစ်ခုစာဖြစ်တယ်။
အသက်တစ်ခုမှာ ဘ၀ပေါင်းများစွာ တည်တယ်။
အဲဒီတော့ -
သင့်သွေးရဲ့လားရာ
သင်ကိုယ်တိုင်ပဲ ရွေးပါ။
သွေးတစ်စက်ဟာ
သွေးတစ်စက် မဟုတ်ပါဘူး။ ။

0 comments:

Post a Comment

 

ယသော် ရဲ့ ရင်ခုန်သံ Template by Ipietoon Blogger Template | Gift Idea