Thursday, March 29, 2012

Good Night

ရေးသားသူ ယသော် at 10:53 AM

မီးရောင်တွေကို လျော့ချ

ဖေဖေနဲ့ မေမေ့ပုံက

နံရံပေါ်မှာ ပြုံးပြ။

အိပ်မက်ချိုသီချင်းသံ

FM ကနေ လွင့်ပျံလျှံကျ။

ဖတ်ဖူးတဲ့ ကဗျာတစ်စကို

ခပ်ဖွဖွ ပြန်ရွတ်မိခဏ။

ဒီည ကြယ်မစုံဘူး။

ဒါပေမယ့် အဝေးအိမ်ကို လွမ်းနေမိရ။

0 comments:

Post a Comment

 

ယသော် ရဲ့ ရင်ခုန်သံ Template by Ipietoon Blogger Template | Gift Idea