Tuesday, March 20, 2012

ဆွေးနွေးပွဲ

ရေးသားသူ ယသော် at 10:23 PM

ဦးတည်ချက်တွေက

ဟိုဘက် ယိမ်းလိုက်

ဒီဘက် ယိမ်းလိုက်။

အတွေးတိမ်တိုက်တွေ လွင့်တယ်။

မီးခိုးမဆုံး၊ မိုးမဆုံး။

ရွာချလိုက်ပြန်ပြီ။

စကားလုံးတွေက

တချုန်းချုန်း၊ တအုံးအုံး။

တူညီရင် ပြုံးပြ၊ မျက်လွှာချ

မတူညီရင် စောဒက၊ ရှင်းပြ။

သက်ပြင်းချသံ

ခပ်ဖွဖွ ခုံရွေ့သံ

စာရွက်လှန်လိုက်သံ

ဦးနှောက်ချင်း တွန်းတွန်းတိုက်တိုက်။

ပါးစပ်နဲ့တိုက်တဲ့စစ်မှာ-

ငြိမ်းချမ်းရေးကို အတွေးနဲ့ လဲခဲ့ကြ။

0 comments:

Post a Comment

 

ယသော် ရဲ့ ရင်ခုန်သံ Template by Ipietoon Blogger Template | Gift Idea