Sunday, March 18, 2012

နေပြည်တော်

ရေးသားသူ ယသော် at 8:21 PM
lနေရာတိုင်းမှာ တိမ်တွေလှတဲ့ မြို့။
ညို့လို့၊ မှိုင်းလို့၊ မှောင်လို့
ဟိုတောင်ဆီက ဖျတ်ကနဲလင်း
ဝင်းဝင်းပြက်ပြက်စေတီ
တမျှော်တခေါ် လမ်းမကျယ်များ
အထပ်မြင့် ဝန်ထမ်းအိမ်ယာများ
မိုးဦးကျမှာ မှိုတွေထွက်လာသလို
အရိုင်းဆန်ခြင်းနဲ့လှလို့။
သဘာဝတရားနဲ့ သဟဇာတ ဖြစ်လို့။
အရာရာတိုင်းမှာ အပိုအဆာမရှိ
နုနုသစ်သစ် ကျစ်ကျစ်လစ်လစ်နဲ့
အခုမှ အပျိုဖြစ်ကာစမြို့။ ။

0 comments:

Post a Comment

 

ယသော် ရဲ့ ရင်ခုန်သံ Template by Ipietoon Blogger Template | Gift Idea