ကွင်းထဲမှာ
အပြာရောင်ပုံရိပ်တွေ လှုပ်ရှား
စိတ်အားထက်သန်စွာ အော်ဟစ်မြူးကြွ
အားပါးတရ ကြွေးကြော်လိုက်ကြ
“ေဇယ်၊ ေဇယ်၊ ေဇယ်” ။
မျက်နှာပန်းလှချင်တာပေါ့။
အနိုင်လည်း ရချင်တာပေါ့။
ဒါ - ကြိုးဆွဲနေတာ မဟုတ်ဘူး။
ဂုဏ်သိက္ခာကို ဆွဲတာ။
ခွန်အား၊ စိတ်ဓာတ်၊ တရားမျှတခြင်း
စစ်ခင်းပြီးရယူ
အသက်တောင် မရှူဝံ့ဘူး။
ကြိုးရဲ့အရွေ့ တစ်လျှောက်မှာ
ရင်ခုန်သံတွေ ပါသွားကြ
ချွေးစတွေ လွင့်ကြွေ။
လက်ဖဝါးတွေ ပေါက်ပြဲ
ဆယ့်တစ်ယောက်က လက်နဲ့ဆွဲပြီး
တစ်ရာ့ဆယ်ယောက်က ပါးစပ်နဲ့ဆွဲကြ
ဒီပွဲက -
ညီညွတ်ခြင်းကို ပြတယ်။
စည်းလုံးခြင်းကို ပြတယ်။
ဒီပွဲ - ပြီးသွားပေမယ့်
ရခဲ့ဖူးတဲ့ သရဖူ
ဘယ်သူများ မေ့နိုင်ပါမလဲ။ ။
(ဗဟိုဝန်ထမ်းတက္ကသိုလ်၊ အထက်မြန်မာပြည်၊ ဇေယျအမှတ်စဉ် - ၃၁ သို့ အမှတ်တရ)
0 comments:
Post a Comment