ဆရာကြီးကပြောတော့
မြင့်မြတ်သောဝန်ဆောင်မှုလုပ်ငန်း - တဲ့။
ဒီခေါင်းစဉ်အောက်မှာပဲ
တစ်ချို့က ကလောင်ကိုင်ကြ
တစ်ချို့က ဓားကိုင်ကြ
တစ်ချို့က အပ်၊ တစ်ချို့က နားကြပ်
တစ်ချို့က ပြောရင်း၊ ဟောရင်း
တစ်ချို့က ဓာတ်ခွဲရင်း၊ စစ်ဆေးရင်း
တောအုပ်ထဲမှာ အပင်အမျိုးမျိုးပေါက်သလို
ပေါက်ရောက်ရှင်သန်ခဲ့ကြ။
နွယ်မြက်သစ်ပင် ဆေးဘက်ဝင် - ဆိုပေမယ့်
တစ်ချို့က ကျွန်း၊ တစ်ချို့က ကြိမ်
ကျွန်းလည်း ကျွန်းအလျှောက်
ကြိမ်လည်း ကြိမ်အလျှောက်
အချိန်တန်ရင်တော့ ‘ရှင်သန်’ဖို့ထက်
သမိုင်းမှာ ‘အတင်ခံ’နိုင်ဖို့
ပိုအရေးကြီးကြောင်း သိမယ်။
ဥတုရာသီ တောကိုမှီတာမို့
မြေမပြို၊ လေမခ
ဒီတောအုပ်လေး လှဖို့
ခံယူချက်၊ ကျင့်ဝတ်၊ သိက္ခာ
မြေသြဇာလည်း လိုတယ်၊
ဟော --------------
တောအုပ်လေးထဲကို
သစ်စေ့လေးတစ်စေ့ ခုန်ဆင်းသွား
အပြေးအလွှားနဲ့ သွားအကြည့်မှာ
ငါ့ကိုယ်ငါ တွေ့လိုက်ရရဲ့။ ။
0 comments:
Post a Comment