Tuesday, March 20, 2012

တောမီး

ရေးသားသူ ယသော် at 10:31 PM

ကောင်းကင်ကြီး - အနီ

တောတွေ၊ တောင်တွေ - အနီ

ပတ်ဝန်းကျင်တစ်ခုလုံး - အနီ

အရွေ့ကမြန်လွန်းတော့

လိုက်မမီဘူး။

လွင့်တက်လာတဲ့ ပြာတစ်စမှာ

တယုတယ ပျိုးခဲ့ခြင်းတွေပါသွားကြ။

သားကောင် ချနင်းရပြီလား။

နက်ဖြန်ခါမှာ

တို့ကမ္ဘာ ပိုပူလာလေမလား။

ဘယ်နှစ်မိုးကျမှ

ပြန်နိုးထနိုင်မယ့် မြေလည်း

ရွှေအိုရောင် စပါးခင်းရဲ့

သက်ပြင်းချသံပါးပါး

သူ - ၀ါးမြိုသွားခဲ့။

0 comments:

Post a Comment

 

ယသော် ရဲ့ ရင်ခုန်သံ Template by Ipietoon Blogger Template | Gift Idea