Tuesday, March 20, 2012

လမ်း

ရေးသားသူ ယသော် at 10:34 PM

ငါပျံသန်းချင်တဲ့ ကောင်းကင်မှာ

ဘာအကာအရံမှ မရှိပါနဲ့။

ငါ့တောင်ပံတွေ သန်မာနေဖို့

လေ့ကျင့်၊ ကြိုးစား

ဟိုး အဝေးထိ သွားချင်လို့ပါကွဲ့။

ပျံသန်းရာ လမ်းတစ်လျှောက်မှာ

မုန်တိုင်းတွေ ထန်ချင်ထန်

လေဆန်နဲ့ တိုးချင်တိုး

မိုးပြိုချင်လည်း ပြို

ရှေ့ကိုသာ ဆက်ပြီးပျံ

လမ်းမှန်ဖို့ပဲ လိုတယ်။

ငါ ပျံမယ်၊ ပျံနေဦးမယ်။

ကောင်းကင် ရှိနေသမျှ

ဒါမှ မဟုတ် -

ငါ - ရှိနေသမျှ။

0 comments:

Post a Comment

 

ယသော် ရဲ့ ရင်ခုန်သံ Template by Ipietoon Blogger Template | Gift Idea